မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂-၉-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၅၅၆၀၂၀.၇၂၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၄၈.၃၈၀)သန်း၊ နယ်စပ်မှ (၁၄၂၁၇၃.၅၄၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၆.၂၁၃)သန်း၊ စုစုပေါင်း (၆၉၈၁၉၄.၂၇၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၄၄.၅၉၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂-၉-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂-၉-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၅၀.၇၀၉ | ၆.၄၀၃ | ၁၅၇.၁၁၂ | |
ကီလို | ၁၇၇၂၇၈.၁၈၇ | ၆၇၈၈.၀၁၀ | ၁၈၄၀၆၆.၁၉၇ | |||
၂ | ပဲတီစိမ်း | US$ | ၁၇၂.၄၄၈ | ၆၅.၄၆၀ | ၂၃၇.၉၀၈ | |
ကီလို | ၂၁၅၃၀၀.၂၃၆ | ၉၃၀၀၈.၅၂၃ | ၃၀၈၃၀၈.၇၅၉ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၃၄.၃၃၅ | ၀.၁၇၈ | ၃၄.၅၁၃ | |
ကီလို | ၄၃၅၂၀.၀၀၂ | ၂၆၃.၅၀၀ | ၄၃၇၈၃.၅၀၂ | |||
၅ | ကုလားပဲ | US$ | ၁၁.၉၀၁ | ၀.၀၂၇ | ၁၁.၉၂၈ | |
ကီလို | ၁၇၁၃၀.၂၄၃ | ၄၃.၀၀၀ | ၁၇၁၇၃.၂၄၃ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၄.၂၄၃ | ၁.၃၄၇ | ၁၅.၅၉၀ | |
ကီလို | ၁၉၃၂၁.၅၉၃ | ၃၂၅၇.၇၅၃ | ၂၂၅၇၉.၃၄၆ | |||
၇ | မြေထောက်ပဲ | US$ | ၂၂.၂၀၀ | ၈.၀၁၉ | ၃၀.၂၁၉ | |
ကီလို | ၂၈၇၂၃.၂၄၄ | ၁၂၇၁၂.၄၆၁ | ၄၁၄၃၅.၇၀၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၅.၄၆၁ | ၃.၀၀၂ | ၁၈.၄၆၃ | |
ကီလို | ၁၇၈၆၀.၈၂၂ | ၅၅၅၉.၃၅၀ | ၂၃၄၂၀.၁၇၂ | |||
၉ | ပဲယင်း | US$ | ၁၃.၃၅၆ | ၃.၃၆၁ | ၁၆.၇၁၇ | |
ကီလို | ၁၈၀၆၄.၅၈၇ | ၇၂၈၀.၈၅၀ | ၂၅၃၄၅.၄၃၇ | |||
၁၀ | ပဲကြီး | US$ | ၃.၀၆၈ | ၁.၂၅၈ | ၄.၃၂၆ | |
ကီလို | ၄၃၁၆.၁၇၀ | ၂၃၀၀.၄၂၀ | ၆၆၁၆.၅၉၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၈၅၁ | ၁.၈၅၁ | ||
ကီလို | ၂၇၉၂.၉၃၅ | ၂၇၉၂.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၃၆၆ | ၀.၀၀၀ | ၀.၃၆၆ | |
ကီလို | ၅၄၄.၇၀၀ | ၀.၀၀၀ | ၅၄၄.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၆.၃၄၃ | ၀.၀၀၀ | ၆.၃၄၃ | |
ကီလို | ၈၃၇၄.၄၁၀ | ၀.၀၀၀ | ၈၃၇၄.၄၁၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၇၇၄ | ၁.၇၇၄ | ||
ကီလို | ၄၅၁၂.၂၅၀ | ၄၅၁၂.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၀ | ၀.၄၇၀ | ||
ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၉၁၉ | ၅.၂၃၃ | |
ကီလို | ၁၅၂၇.၆၀၀ | ၄၀၇၅.၃၀၀ | ၅၆၀၂.၉၀၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၄၀ | ၀.၀၀၀ | ၀.၅၄၀ | |
ကီလို | ၉၄၃.၃၁၄ | ၀.၀၀၀ | ၉၄၃.၃၁၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၄၈.၃၈၀ | ၉၆.၂၁၃ | ၅၄၄.၅၉၃ | ||
ကီလို | ၅၅၆၀၂၀.၇၂၈ | ၁၄၂၁၇၃.၅၄၇ | ၆၉၈၁၉၄.၂၇၅ |