ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း
စခန်းသမိုင်းအကျဉ်း
( ၁ ) စခန်းအမည် - ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း
( ၂ ) စခန်းဖွင့်လှစ်ခဲ့သောခုနှစ် - ၁၉-၁၀-၂၀၀၃ နေ့တွင် စတင်ဖွင့်လှစ်။
( ၃ ) တစ်ဖက်နိုင်ငံစခန်းမြို့များ - တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချင်းရွှေဟော်(မိန်းတိန်)။
( ၄ ) မျက်နှာစာ - တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ မိန်းတိန်မြို့နှင့် ကပ်လျက်တည်ရှိသောလောက်ကိုင်မြို့နယ်၊ ချင်းရွေဟော်မြို့။
( ၅ ) ကုန်သွယ်မှုပြုလုပ်သည့်ငွေကြေး - ယွမ်၊ ဒေါ်လာ (နိုင်ငံတော်မှ အခါအားလျော်စွာခွင့်ပြုသည့် ငွေကြေး)
( ၆ ) အများဆုံးတင်ပို့သောကုန်စာရင်း - ဆန်ကွဲ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဝဥစို၊ ဝဥခြောက်။
( ၇ ) အများဆုံးတင်သွင်းသောကုန်စာရင်း - အိမ်ရိုက်သံ၊ သံပိုက်၊ မြေဆီ၊ ဆေးနှင့်ဆေးဝါးပစ္စည်း၊ ။
( ၈ ) ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ - ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံပူးတွဲ (က)
( ၉ ) ကုန်သွယ်မှုလမ်းကြောင်းအကွာအဝေး -
မန္တလေးမြို့မှ (၂၈၂) မိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ (၈၅) မိုင်၊ သိန္နီမြို့မှ (၅၃) မိုင်နှင့် ကွမ်းလုံမြို့မှ (၉) မိုင်၊ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဟိုပန်မြို့မှ (၃) မိုင်၊ နှစ်နိုင်ငံနယ်စပ် ချင်းရွှေဟော်မြို့မှ (၅) မိုင်နှင့် လောက်ကိုင်မြို့မှ (၂၆) မိုင်အကွာတွင်တည်ရှိပါသည်။