တမူး နယ်စပ် ပဲဈေးကွက် အေးနေ

ဗုဒ္ဓဟူးနေ့။ ၁၆  ဇန်နဝါရီလ ၂၀၁၃ 08:30 AM

စစ်ကိုင်း တိုင်း ဒေသကြီး အတွင်း ပဲသစ် ပေါ်ချိန်ဟာ အိန္ဒိယ နိုင်ငံ၊ မဏိပူရ် ပြည်နယ် မှာလည်း ပဲသစ် ပေါ်ချိန် နဲ့ တိုက်ဆိုင် နေပါတယ်။ အိန္ဒိယ နိုင်ငံတွင် ပဲသစ်ပေါ် ချိန်ဖြစ်လို့ အရောင်း အဝယ် အေးနေတာ ဖြစ်ပါတယ်။ ယခင် တင်ပို့ နေကျ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ လုံးဝါနဲ့ ပဲပုပ်တို့ ယခု ဇန်နဝါရီ လတွင် လိုင်စင် ဆောင်ရွက်မှု လျော့နည်း လာကြောင်း တွေ့ရှိ ရပါတယ်။ တစ်ဖက် နိုင်ငံ ပဲရာသီ ကုန်ဆုံးချိန် မတ်လ အကုန်မှသာ ဈေးကွက် လိုအပ်ချက် များလာနိုင်ပြီး တင်ပို့ မှုလည်း သွက်လက် လာနိုင်ချေ ရှိတယ်လို့ ပဲကုန်သည် များထံမှ သိရှိရ ပါတယ်။

စမ်းစမ်းအေး (တမူး)