“အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် စတုတ္ထအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အာဆီယံဒေသတွင်းညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

               အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် စတုတ္ထအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ (Caucus 4th ACAFTA WGC) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

              အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၂)ဦး တက်ရောက်ခဲ့ကြပါသည်။

              အစည်းအဝေးတွင် ACAFTA WGC အာဆီယံပူးတွဲဥက္ကဋ္ဌဖြစ်သူ ပြည်တွင်းကုန်သွယ်ရေးနှင့် စားသုံးသူရေးရာဝန်ကြီးဌာန၊ မူဝါဒ၊ မဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာစီမံကိန်းဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး Mr. Arunan Kumaran က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

              အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ "ယှဉ်ပြိုင်မှုအခန်း"တွင် ထည့်သွင်းရန်အတွက် အာဆီယံကတင်သွင်းထားသည့် အဓိကအချက်များတွင် ကနေဒါနိုင်ငံက ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုလာမှုများအပေါ် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။