ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာ (၆)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၂.၄၇၇) ဒေါ်လာ သန်းနှင့် သွင်းကုန် (၁၄.၈၁၀) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၇.၂၈၇) ဒေါ်လာ သန်းဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၁၁) စီး၊ သွင်းကုန် (၆၉၄) စီးဆောင် ရွက်နိုင်ခဲ့ပါသည်။

         ယခင်အပတ်  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ စက်တင်ဘာလ(၂၉) ရက်နေ့ အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၄.၂၈၃) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၅.၉၇၁) ဒေါ်လာ သန်း ကုန်သွယ်မှုပမာဏအနေဖြင့်(၂၀.၂၅၄)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ယခုတစ်ပတ် နှင့်ယခင်တစ်ပတ်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၁.၈၀၆) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး (၁.၁၆၁) ဒေါ်လာ သန်း လျော့နည်းဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၂.၉၆၇) ဒေါ်လာသန်း ​လျော့နည်း ခဲ့ပါသည်။

        တင်ပို့သည့် ပို့ကုန်အမည်များအနက် ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ ပဲနီကြား၊ လက်ဖက်ခြောက်၊ ရော်ဘာကြမ်း၊ ရော်ဘာ၊ ကြက်သွန်နီ၊ CMP တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့်  ယခင်တစ်ပတ်အောက် (၁.၈၀၆) ဒေါ်လာသန်း လျော့နည်းခဲ့ ခြင်းဖြစ်ပါသည်။

        တင်သွင်းသည့် သွင်းကုန်အမည်များအနက်ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ တယ်လီဖုန်း နှင့်ဆက်သွယ်ရေးပစ္စည်းကိရိယာများ၊ စက်နှင့်စက်ပစ္စည်းများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊ စက်ဘီးအပိုပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့သော်လည်း လယ်ထွန်စက်အပိုပစ္စည်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လေအေးပေးစက်များ၊ သတ္တုကုန်ချောဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ အခြားပစ္စည်းများ တင်သွင်းမှု လျော့နည်းခဲ့သဖြင့်  ယခင်တစ်ပတ်အောက် (၀.၄၂၈) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

        လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင်  သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ကုန်ထုတ်စက္ကူ များ၊အခြားစက္ကူများ၊ ဓာတုဗေဒချည်ခင်များ လျော့နည်းတင်သွင်းခဲ့သော်လည်း ဓါတုဗေဒပစ္စည်း

များ၊ဓာတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ အခြားပစ္စည်း

များ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၀.၂၄၀) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

        လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘထ္ထရီခြောက်၊ လျှပ်စစ်မီးသီးနှင့်မီးချောင်းများ၊ ဆေးဝါး များ၊ မီးဖိုချောင်သုံးပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း ချည်ထည်များ၊ အပ်ချည်ကြိုးများ၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ၊  ချုပ်ပြီးအဝတ်အထည်များ၊ အခြားပစ္စည်းများလျော့ နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက် (၀.၉၇၃) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။         ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်(၁၀)မျိုးမှာ ရော်ဘာ  ( ၅၈၉.၅၀၀ )တန်၊ (၀.၇၂၂) ဒေါ်လာသန်း၊ ဆန်ကွဲ ( ၁၁၅၁.၇၅ )တန်၊ ( ၀.၄၇၆ ) ဒေါ်လာသန်း၊ နှမ်းနက် (၁၂၇၂၂၇.၂၅၀) တန်၊ (၀.၃၅၉)ဒေါ်လာသန်း ၊CMP (၂၆၂၃၂) ခု ၊ (၀.၃၁၂) ဒေါ်လာသန်း၊ပြောင်း(၆၂၀.၅၀၀) တန်၊ (၀.၁၇၄) ဒေါ်လာသန်း၊ ပဲတီစိမ်း (၂၂၀.၀၀)တန်၊ (၀.၁၄၁) ဒေါ်လာသန်း၊  ပဲယင်း (၁၁၉.၄၈၇) တန်၊(၀.၁၀၅)ဒေါ်လာသန်း၊ ဆန် (၂၀၃.၇၅၀) တန်၊ (၀.၀၉၂)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၆၈.၅၀၀) တန်၊ (၀.၀၄၂)ဒေါ်လာသန်း၊ မြေပဲ(အခွံပါ) (၃၃.၉၀၀) တန်၊ (၀.၀၂၂)ဒေါ်လာသန်း ဖြစ်ပါသည်။

        ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်( ၁၀ )မျိုးမှာ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း (၃.၁၆၁ ) ဒေါ်လာသန်း၊ ချည်ထည်များ (၂.၈၀၅) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည် အလိပ်များ (၂.၃၀၅) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၁.၄၉၇)ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၈၅၆)ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၈၂၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၆၁၅) ဒေါ်လာသန်း ၊ လူသုံးအခြား ပစ္စည်း (၀.၅၉၉) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၃၇၉) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာများ (၀.၂၄၁) ဒေါ်လာသန်း ဖြစ်ပါသည်။

        ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင်(၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင်(၁၇၀) ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ ၏(၁)တန် ဈေးနှုန်းမှာဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ် နှုန်း၊နှမ်း(၁၂၀၀၀) ယွမ်နှုန်း ၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀) ယွမ်နှုန်း၊ ငရုတ်

(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။

        မန္တလေး၊လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၃၀) ရက်နေ့မှအောက်တိုဘာလ (၆)ရက်နေ့ အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၂.၄၇၇) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၄.၈၁၀) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၇.၂၈၇) ဒေါ်လာသန်း ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ (၃၀)ရက်နေ့မှ အောက်တိုဘာ(၆) ရက်နေ့အတွင်း  လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၂.၉၁၈) ဒေါ်လာသန်း၊ သွင်းကုန် (၂.၄၆၂) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ (၅.၃၈၀)ဒေါ်လာသန်းဖြစ်၍ ယခင်နှစ် ကာလတူထက် ပို့ကုန် (၀.၄၁၁)ဒေါ်လာသန်း လျော့နည်းခဲ့သော်လည်း သွင်းကုန် (၁၂.၃၄၈)ဒေါ်လာ သန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၁.၉၀၇) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။

          တင်ပို့သည့် ပို့ကုန်အမယ်များအနက်  ဆန်၊ ဆန်ကွဲ၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဆီးဖြူသီး ခြောက်၊ ရော်ဘာ၊ ဝဥခြောက်နှင့် ဝါတို့တင်ပို့မှုလျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပိုမိုခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။ 

          ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ အတက်ကုန်ကားခပို့ကုန် တစ်ပိဿာလျှင် (၇၉) ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင်(၁၈၅)ကျပ်ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန်ဈေးနှုန်းမှာဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ် နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်အစို (၅၀၀၀)ယွမ်နှုန်း၊ ငရုတ်ခြောက် (၉၀၀၀) နှုန်းရှိကြောင်းသိရှိရသည်။

          မန္တလေး၊လားရှိုး၊ သိန္နီ၊ ကွမ်လုံ ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီးပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။