ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့တို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈ရက်နေ့မှ၂၂ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၄၄၄)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၄၃၀)သန်းနှင့် သွင်းကုန် တန်ချိန် (၃၅၉) ၊(၁၅၁၉၅)M2 ၊ (၂၄၇၀) U ၊တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၄၄၇)သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၂.၈၇၇) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ပလာတူးခက်တန်ချိန် (၇၉၂.၇၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၆၄၂၀၈၇.၀၀)၊(၁)တန်ဈေးနှုန်း (၈၁၀)အမေရိကန်ဒေါ်လာ၊ ပလာလန်း တန်ချိန် (၆၂.၂၄၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၈၀၉၁၂.၀၀)၊ (၁) တန်ဈေးနှုန်း (၁၃၀၀) အမေရိကန် ဒေါ်လာ၊ တာတိုငါးတန်ချိန်(၁၀၆.၇၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၄၄၂.၀၀)၊ (၁)တန်စျေးနှုန်း (၁၂၆၀) အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန်(၁၈၅.၃၈၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၉၄၆၄၉.၀၀)၊ (၁)တန်စျေးနှုန်း(၁၀၅၀)အမေရိကန်ဒေါ်လာ၊ ကုလားငူငါးတန်ချိန် (၃.၉၀၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၅၆၉၄.၀၀)၊ (၁)တန် စျေးနှုန်း(၁၄၆၀)အမေရိကန် ဒေါ်လာ၊ငါးချဉ်ပေါင်တန်ချိန် (၁၂.၀၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၄၈၀.၀၀)၊ (၁)တန်စျေး နှုန်း (၁၂၉၀)အမေရိကန်ဒေါ်လာ၊ ငါးမုတ်မဲ တန်ချိန်(၀.၉၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၃၁.၂၀)၊ (၁)တန်စျေးနှုန်း(၂၂၂၀) အမေရိကန်ဒေါ်လာ၊ ဘောင်းကြေးငါးတန်ချိန် (၅၅.၁၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၉၆၆၂.၀၀)၊ (၁)တန် စျေးနှုန်း (၉၀၀)အမေရိကန်ဒေါ်လာ၊ရေဘဝဲတန်ချိန် (၂.၅၆၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၅၇၃၄.၄၀)၊ (၁)တန် စျေးနှုန်း (၂၂၄၀) အမေရိကန်ဒေါ်လာ၊ ကဏန်းတန်ချိန် (၃.၈၁၀) ၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၂၀.၉၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာပီလောပီနံမှုန့် တန်ချိန် (၃၃၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၆၆၀၀၀) ၊ (၁) တန်ဈေးနှုန်း (၅၀၃.၀၃) အမေရိကန်ဒေါ်လာ၊ ကြွေပြား အရေအတွက်(၁၅၁၉၅)M2 ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၅၀၀၀) ၊ (၁)M2 ဈေးနှုန်း(၂.၃၀၃) အမေရိ ကန်ဒေါ်လာ၊ဓါတ်ဆီတန်ချိန် (၁၅၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၅၀၀၀) ၊ (၁) တန် ဈေးနှုန်း (၁၀၃၃.၃၃) အမေရိကန်ဒေါ်လာ၊ငါးဖမ်းပိုက်တန်ချိန် (၆) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၅၀၀၀) ၊ (၁) တန်ဈေးနှုန်း (၈၃၃.၃၃) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၂၃-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၁၁၇.၀၀)ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၉.၅) ကျပ်ခန့် (၂၂-၁၀-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် မြန်မာငွေ (၁) ကျပ်ခန့် ကျဆင်းလျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။