ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။နိုဝင်ဘာလ(၇)ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၄၉၁) ဒေါ်လာသန်း၊ သွင်းကုန် (၀.၄၇၂) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၉၆၃) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၂၁.၄၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။ နိုဝင်ဘာလ (၇)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောတင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ(၇)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅.၉၈)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၄၁၇) တန်၊ တန်ဖိုး (၀.၄၉၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe ၊ Artificial Grass ၊ ပန်သီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၁၀၀.၀၀) တန်၊ တန်ဖိုး (၀.၁၄၈) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၁၆၃) တန်၊ တန်ဖိုး (၀.၁၄၇) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၁၄၂) တန်၊ တန်ဖိုး (၀.၁၇၈) ဒေါ်လာသန်းတို့ တင်သွင်း နိုင်ခဲ့ပါသည်။ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့်တင် ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင် ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင်ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်- ဝိုင်းမော်- မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။