ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း တို့ဖြစ်သည်။၂၀၂၃ခုနှစ်၊နိုဝင်ဘာ၀၆ရက်နေ့မှ၀၇ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၂၁၃)၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ(၂.၁၈၉)သန်း နှင့် သွင်းကုန် (၆၀၀၀) BBL ၊ တန်ချိန်(၇၂) ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၇၇၀) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ (၂.၉၅၉) ဒေါ်လာသန်း ဖြစ်ပါသည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ဆီအုန်းတန်ချိန်(၁၂၀.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း(၈၃.၃၃)အမေရိကန်ဒေါ်လာ၊ ပလာတူးခက်တန်ချိန်(၅၆၇.၄၅၀)၊တန်ဖိုးအမေရိကန် ဒေါ်လာ (၄၅၉၆၃၄.၅၀) ၊ (၁) တန်ဈေးနှုန်း (၈၁၀) အမေရိကန်ဒေါ်လာ၊ ဘောင်းကြေးငါးတန်ချိန် (၆၂.၇၆၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၅၆၄၈၄.၀၀)၊ (၁)တန်စျေးနှုန်း (၉၀၀)အမေရိကန်ဒေါ်လာ၊ ငါးမဲလုံး တန်ချိန်(၁၀၅၈၃.၂၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၅၉၄၀၀၈.၀၀)၊(၁)တန်စျေးနှုန်း (၁၁၉၀)အမေရိကန်ဒေါ်လာ၊ ငါးချဉ်ပေါင်တန်ချိန် (၄.၃၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၅၅၇၂.၈၀)၊ (၁)တန် စျေးနှုန်း(၁၂၉၀)အမေရိကန်ဒေါ်လာ၊ငါးဇင်းပြားတန်ချိန် (၁၅.၁၂၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၀၇၃၅.၂၀)၊ (၁)တန်စျေးနှုန်း (၇၁၀)အမေရိကန်ဒေါ်လာ၊ တာဝမ်ငါးတန်ချိန် (၂၁.၅၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၇၀၅၆.၁၀)၊(၁)တန်စျေးနှုန်း(၇၉၀)အမေရိကန်ဒေါ်လာ၊လိုင်းဝါငါးတန်ချိန်(၁၃.၇၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၈၇၀.၄၀)၊ (၁)တန်စျေးနှုန်း (၇၉၀)အမေရိကန် ဒေါ်လာ၊ ငါးနီငယ်တန်ချိန်(၃၆.၃၃၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၃၈၁၄၆.၅၀)၊ (၁)တန်စျေးနှုန်း (၁၀၅၀) အမေရိကန်ဒေါ်လာ၊ ငါးဝိုင်းတန်ချိန် (၄.၀၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၅၂၀.၀၀)၊ (၁)တန်စျေးနှုန်း (၈၈၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာဒီဇယ်တန်ချိန် (၈၀၀)တန်၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ (၇၄၉၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း (၉၃၆.၂၅) အမေရိကန်ဒေါ်လာ၊ ဓါတုဗေဒပစ္စည်း များတန်ချိန်(၇၂)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း(၂၉၁.၆၆) အမေရိ ကန်ဒေါ်လာ ဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ်ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၈-၁၁-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၁၀၄.၉၀)ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၀.၅) ကျပ် ခန့်(၇-၁၁-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၂၆၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၂၆၀၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။