လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၁-၁-၂၀၂၄ မှ ၂-၁-၂၀၂၄ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ဆန် (၄၃၄.၅၀) တန်၊ တန်ဖိုး (၀.၂၄၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၂၁၂.၅၀) တန်၊ တန်ဖိုး (၀.၀၉၂) ဒေါ်လာသန်း၊ ပြောင်း (၂၅၉.၅၀) တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၃၉၂.၀၀) တန်၊ တန်ဖိုး (၀.၅၀၇) ဒေါ်လာသန်း၊ ဖရဲသီး (၉၆၂.၀၀) တန်၊ တန်ဖိုး (၀.၁၄၀) ဒေါ်လာသန်း၊ သခွားမွှေး (၃၁၁.၅၀) တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ ကြံ (၃၆၀.၀၀) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ရှောက်ကောသီး (၁၂.၈၉၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၄၅.၈၅) တန်၊ တန်ဖိုး (၀.၀၉၀) ဒေါ်လာသန်း၊ ထောပတ်ပဲ (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ စွန်တာနီ (၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၁၅.၂၀) တန်၊ တန်ဖိုး (၀.၀၇၆) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ မြေပဲဆံ (၆၅.၅၀) တန်၊ တန်ဖိုး (၀.၀၇၂) ဒေါ်လာသန်း၊ ဆီးစေ့ခွဲခြမ်း (၂၅.၀၀)တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းနှင့် နှမ်း (၉၇.၅၀) တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။
 

   သွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၃၆၄၈၉၀) ခု ၊တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ ကော်စေ့ (၁၂.၅၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ဂျပ်ဖာ (၈၇.၅၀) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၁၉.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ စောင် (၁၇.၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၆၅.၅၀) တန်၊ တန်ဖိုး (၀.၀၆၈) ဒေါ်လာသန်းနှင့် ကုန်စုံ (၃၁၅.၆၆) တန်၊ (၂၉၉၇၈) ခု၊ (၃၉၂၀) ရံ၊ တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။
 

DOT (လွယ်ဂျယ်)