တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ၁ ရက် မှ ၂၆ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ(၁.၉၃၄) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၈.၄၀၂) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁၀.၃၃၆) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၅-၁၂-၂၀၂၃) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၅၈) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ကြက်သွန်ဖြူ(၂၉) တန်၊ တန်ဖိုး (၀.၀၈၁) ဒေါ်လာသန်း၊ လိမ္မော်သီး(၁၃.၂) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၁၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ (၃၀) တန် တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းစုစုပေါင်း (၀.၁၂၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၅-၁၂-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၀၅) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။
 

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၂၅-၁၂-၂၀၂၃) ရက်တွင် ဓာတ်ဆီ (၀.၀၆၅) ဒေါ်လာသန်း၊ ဒီဇယ် (၀.၂၆၅) ဒေါ်လာသန်း၊ မီးခံအုတ် (၀.၀၄၀)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၁၄)ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၂၄) ဒေါ်လာသန်း၊ ​ကားတာယာ (၀.၀၀၃) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၂၅) ဒေါ်လာသန်းအပါအဝင် (၀.၅၁၄) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။