ကုန်သွယ်ရေးဦးစီးဌာန ကွန်ပျူတာအသုံးပြုမှုသင်တန်း ဖွင့်လှစ်ခဲ့သည့် သတင်း(အပြည့်အစုံ)

ကုန်သွယ်ရေးဦးစီးဌာန

ကွန်ပျူတာအသုံးပြုမှုသင်တန်း ဖွင့်လှစ်ခဲ့သည့် 

သတင်း(အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအတွက် ကွန်ပျူတာအသုံးပြုမှုသိရှိ နားလည်စေရန် ရည်ရွယ်၍   ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         “ကွန်ပျုတာအသုံးပြုမှုသင်တန်း”ကို ၂၀၂၄ ခုနှစ်၊  ဇွန်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ Multimedia သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ ပါသည်။

၄။      အဆိုပါ သင်တန်းကို စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး၊ သင်တန်း နည်းပြအဖြစ် သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်ငြိမ်းသူ နှင့် ဦးစီးမှူး ဒေါ်ဖြိုးစုငြိမ်း တို့မှ သင်ခန်းစာများပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၅) ဦးတို့ တက်ရောက်လျက်ရှိပါသည်။