မျက်မှောက်ခေတ် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှုဆိုင်ရာ အသိပညာပေးသင်တန်း (သတင်းအပြည့်အစုံ) ၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်

မျက်မှောက်ခေတ် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှုဆိုင်ရာ အသိပညာပေးသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား မျက်မှောက်ခေတ် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှု အကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

၃။         “မျက်မှောက်ခေတ် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှုဆိုင်ရာ အသိပညာပေးသင်တန်း” ကို ၂၀၂၄ ခုနှစ်၊  ဩဂုတ်လ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့ထိ နေ့လယ် (၁၃:၀၀) နာရီမှ (၁၅:၃၀) နာရီထိ ဖွင့်လှစ်ခဲ့ ပါသည်။

၄။         အဆိုပါသင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက် နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာနည်တင်တို့ မှ သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၄) ဦးတို့ တက်ရောက်ခဲ့ပါသည်။