ဆိပ်ဖြူမြို့နယ်တွင် ကန်စွန်းဥစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက် ပျိုးလျက်ရှိရာ ကန်စွန်းဥကို ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကိုးတောင့်အုပ်စု၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံး၊ ပဒေသာကျွန်း၊ ကျီးပင်၊ ကျီးရွာများတွင် စိုက်ဧက ၃၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

          ကန်စွန်းဥကို အောက်တိုဘာလ၊ ပထမပတ်တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ နောက်ဆုံး ပတ်တွင် တူးဖော်ကြောင်း၊ ကန်စွန်းဥမျိုးအနေဖြင့် ရွှေဝါနှင့် ငချိပ်မျိုးများကို အများဆုံးစိုက်ပျိုးပြီး တစ်ဧကလျှင် ကန်စွန်းညွန့် ၃ သောင်းခန့် စိုက်ပျိုးရကြောင်း၊ မြေအောက်ရေဖြင့် စိုက်ပျိုးမှုအပြင် လိုအပ်ပါက ရေသွင်းစိုက်ပျိုးရကြောင်း၊ မြေအနေအထားနှင့် ရာသီဥတုအပေါ်မူတည်၍ ကန်စွန်းဥ တူးဖော်ချိန် နောက်ကျလျှင် သီးနှံအချိုအရသာ လျော့နည်းခြင်းနှင့် ကန်စွန်းဥတွင် ပိုးဝင်၍ ပျက်စီး မှုများသောကြောင့် စိုက်ပျိုးပြီး ၃ လအကြာတွင် တူးဖော်ကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ် ကိုင်သောကြောင့် မျိုးနှင့် သွင်းအားစုစရိတ်သာကုန်ကျမှုရှိရာ တစ်ဧကလျှင် ငွေကျပ် ၄ သိန်းခန့်သာ ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကအထွက်နှုန်းအနေဖြင့် ပိဿာ ၃,၀၀၀-၃,၅၀၀ ခန့်ထွက်ရှိပြီး ကန်စွန်းဥတစ်ပိဿာလျှင် လက်လီဈေး ငွေကျပ် ၁,၈၀၀-၂,၀၀၀ ၊ လက်ကားဈေး ငွေကျပ် ၈၀၀-၁,၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ငွေကျပ် သိန်း ၂၀ ခန့် အမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်သီးနှံပေါ်ချိန်တွင် ကန်စွန်းဥအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း ကန်စွန်းဥစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)