စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး ရန်ကုန်မြို့ရှိ ပါကစ္စတန်နိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ မစ္စတာအမ်ဝါဇိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာလ ၁၈
    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ ၁၅:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ပါကစ္စတန်နိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ မစ္စတာအမ်ဝါဇိ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ရုံးအမှတ်-၅၂၊ အစည်းအဝေးခန်းမ-၃ ၌ လက်ခံတွေ့ဆုံခဲ့သည်။
   တွေ့ဆုံစဉ် နှစ်နိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပါကစ္စတန်နိုင်ငံမှ ထုတ်လုပ်သည့်ဒေသထွက်ကုန်များအား  မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာအညွှန်း  အကာအကွယ်ရရှိရန် မူပိုင်ခွင့်လျှောက်ထားနိုင်ရေးအတွက် လိုအပ်သော နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို မေးမြန်းဆွေးနွေးခြင်းနှင့် နှစ်နိုင်ငံအတွင်း မူပိုင်ခွင့်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
  တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ မူပိုင်ခွင့်ဆိုင်ရာ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။