တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးကော်မတီရဲ့ ကြီးကြပ်မှုဖြင့် Mobile Team အဖွဲ့များမှ အရက်နဲ့ဝိုင် ကျပ် ၁၂၁၄၂ သိန်းဖိုး ဖမ်းဆီးရမိ
စားသုံးသူ/သုံးစွဲသူကို ထိခိုက်စေတဲ့ ကိစ္စရပ်များကို ကာကွယ်ရန်နဲ့ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အရပ်ရပ်ကောက်ခံ ရရှိမှု၊ အခြားကိစ္စရပ်များ နစ်နာမှု မရှိစေရေးအတွက် တစ်နိုင်ငံလုံး ဟန်ချက် ညီစွာဖြင့် တရားမဝင် ကုန်သွယ်မှုတား ဆီးထိန်းချုပ်ရေးလုပ်ငန်းများကို Mobile Team အဖွဲ့များဖွဲ့ စည်း၍ လမ်းကြောင်းများ၊ နယ်စပ် ကုန်သွယ်ရေးစခန်းများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ လေဆိပ် ရေဆိပ်များမှာ ဖြန့်ခွဲဆောင်ရွက်လျက် ရှိပါတယ်။၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ လထိ(၂) နှစ်တာကာလအတွင်း တရားမဝင် အကောက်ခွန်မဲ့ အရက်၊ ဘီယာ၊ ဝိုင်ဖမ်းဆီး ရမိအမှုတွဲ ပေါင်း ၃၃၆ မှု၊ ပုလင်း ၁၃၀၉၅၈၄ နဲ့ ခန့်မှန်းတန်ဖိုး ကျပ် ၁၂၁၄၂ သိန်းခန့်ရှိတယ်လို့ သတင်းရရှိ ပါတယ်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာမှာ တားမြစ်ကန့်သတ် ကုန်ပစ္စည်းများဖြစ်တဲ့ အရက်၊ ဘီယာ၊ ဝိုင်များနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်နဲ့အညီ တားဆီးဆောင်ရွက် လျက်ရှိရာ Mobile Team အလိုက်တားဆီး အရေး ယူဆောင် ရွက်နိုင် မှုများကို ဖော်ပြပေးလိုက်ပါတယ်-
အမှုတွဲ အမျိုးအစား ခန့်မှန်းတန်ဖိုး (ကျပ်-သိန်း)
မူဆယ်(ထုတ်နုတ်) လရ-၁ ၁၇ ဘီယာ ၅၀၃
၂ အရက် ၆
ဘီယာ ၇၇၇
လရ-၂ ၁ အရက် ၁၀
၂၆၇ ဘီယာ ၃၁၇၇
၁၄ ဝိုင် ၁၃၅
တာချီလိတ် (ထုတ်နုတ်) ၁၀ အရက် ၃၀၅
၁၃ ဘီယာ ၂၇၄
၇ ဝိုင် ၁၀
ကျိုင်းတုံ (ထုတ်နုတ်) ၁ ဘီယာ ၂
ရန်ကုန်ဆိပ်ကမ်းနယ်မြေ ၃ အရက် ၇၉၂
င်္ဘီယာ ၁၀၄
၁ ဝိုင် ၆၀၄၇
DCCA DCCA