ရေကြောင်းအန္တရာယ်ကင်းရှင်းစေရန်နှင့်အဆင့်မီသင်္ဘောများဖြစ်စေရန် သစ်သားအစား သံခွံသင်္ဘောများမှာယူတင်သွင်းစေလို
မြန်မာ-ထိုင်း၊ မြန်မာ-မလေးရှား တို့မှ ရေကြောင်းဖြင့် ကုန်သွယ်မှုပြုနေသော သင်္ဘောများမှာနိုင်ငံတကာအဆင့်မီသင်္ဘောများမဟုတ်ပဲ သစ်သားဖြင့်ပြုလုပ်ထားသော Sub-Standard Ship သင်္ဘောများသာဖြစ်နေသည့်အတွက်ကြောင့် လုပ်ငန်းရှင်များအနေဖြင့် ရေကြောင်းတွင် အန္တရာယ်ကင်းရှင်းစေရန်နဲ့ အဆင့်မီသင်္ဘောများဖြစ်စေရန်သစ်သားဖြင့်ပြုလုပ်သော သင်္ဘောများအစား သံခွံသင်္ဘောများကို မှာယူ တင်သွင်းစေလိုကြောင်းကိုမြိတ်နယ်စပ်ကုန်သွယ်ရေးမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ရေကြောင်းဦးစီးဌာနမှ တိုင်းဦးစီးမှူးမှ ပြောကြားသွားပါတယ်။ ကုန်လှေငယ်များအနေဖြင့် ဆိပ်ကမ်းများတွင်ဆိုက်ကပ်နိုင်ရန်အတွက် မြိတ်တွင်ကိုယ်ပိုင်ဆိပ်ခံများသာရှိပြီး အများပိုင်အနေဖြင့် နိုင်ငံခြား ဆီတင်သင်္ဘောနှင့် အခြားစက်လှေကြီးများ ဆိုက်ကပ်နိုင်သောဆိပ်ခံတံတားမျိုးထားရှိနိုင်ရေး ဝိုင်းဝန်း စဉ်းစားစေလိုကြောင်းလည်း မြိတ်ဆိပ်ကမ်းအာဏာပိုင်မှဖြည့်စွက်ဆွေးနွေးတင်ပြသွားတယ်လို့သိရပါတယ်။
ခင်မိုးသူ MIRT (DCCA)