အင်ဒိုနီးရှားနိုင်ငံသည်အမေရိကန်နိုင်ငံမှပန်းသီးတင်ပို့မှုအချို့ကိုပိတ်ပင်တားမြစ်
အင်ဒိုနီးရှားနိုင်ငံသည်အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှတင်သွင်းသည့်ပန်းသီး (၂) မျိုးကို အန္တရာယ်ဖြစ်စေသော Listeria bacteria ပါရှိသည်ဟု ပြောဆိုခဲ့သဖြင့် တင်သွင်းမှုပိတ်ပင်ခဲ့ပါသည်။ အဆိုပါပန်းသီးများမှာ Gala နှင့် Granny Smith တို့ဖြစ်ပြီး Bakersfield’s packing house ၏ Bidart Bros. မှဖြန့်ဖြူးခဲ့ခြင်းဖြစ်ကာ အမေရိကန် ပြည်ထောင်စုတွင်လည်း Listeria bacteria ကြောင့်ပြည်နယ် (၁၁) ခုတွင်လူ (၃) ဦး သေဆုံးပြီး (၂၈) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ လတ်တလောကာလတွင်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး ဒါဇင် ပေါင်းများစွာတို့သည် အဆိုပါပန်းသီး (၂) မျိုးစလုံးအား စားသုံးပြီးနောက် နေမကောင်းဖြစ်ပွားခဲ့ ကြောင်းလည်း သိရှိရပါသည်။ လက်ရှိကာလတွင်အင်ဒိုနီးရှားနိုင်ငံသည် Granny’s Best နှင့် Big B တံဆိပ်အမှတ် အသားတို့ ပါရှိသော ကယ်လီဖိုးနီးယားပြည်နယ်၏ စက်ရုံများမှ တင်သွင်းသောပန်းသီးများကို တင်သွင်းခွင့်မပြုပေ။ သို့ရာတွင် အဆိုပါပန်းသီးများကို အခြားတံဆိပ်အမှတ်အသားများဖြင့် အိမ်နီးချင်းနိုင်ငံအချိုု့မှ ပမာဏအနည်းငယ်နိုင်ငံတွင်းသို့ သယ်ဆောင်လာနိုင်သဖြင့် ကြိုတင် ကာကွယ်မည့်နည်းလမ်းများ လိုအပ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၊ စံချိန်စံညွှန်းနှင့် စားသုံးသူကာကွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Widodo မှ အမေရိကန် ပြည်ထောင်စုမှပန်းသီးတင်သွင်းမှုကိုပိတ်ပင်သကဲ့သို့ ပြည်တွင်း လက်လီရောင်းချသူများမှ ပန်းသီးကို ရောင်းချ ဖြန့်ဖြူးမှုနှင့် ပြည်တွင်းစားသုံးသူများ၏ စားသုံးမှုကိုလည်း တားမြစ်ပိတ်ပင်ထားကြောင်း သိရှိရပါသည်။ Mr. Widodo မှ သတင်းစာရှင်းလင်းပွဲတစ်ခု၌ အမေရိကန်ပြည်ထောင်စုမှပန်းသီး စားသုံးမှုအား လုံခြုံစိတ်ချရမှုရှိကြောင်း ကြေညာသည်နှင့် ပန်းသီးတင်သွင်းမှု ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့်ဖိလစ်ပိုင်နိုင်ငံတို့ပြီးနောက် ပန်းသီးတင်သွင်းမှု ပိတ်ပင်ခြင်းကို နောက်ဆုံးကြေညာသောနိုင်ငံတစ်ခုဖြစ်ပြီး မလေးရှား နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့နိုင်ငံများအတွင်းသို့ ပန်းသီးတင်သွင်းမှုပိတ်ပင်သည့်အပြင် တင်သွင်းထားသော ပန်းသီးများကိုလည်း ပြည်တွင်းဈေးကွက်အတွင်းမှပြန်လည်သိမ်းဆည်းခဲ့ပါသည်။ ထိုင်းနိုင်ငံအာဏာပိုင်များသည် ၂၀၁၄ ခုနှစ် ရိတ်သိမ်းသည့် ကာလမှစတင်၍ အမေရိကန် ပြည်ထောင်စုမှပန်းသီးများကို သင်္ဘောဖြင့်တင်သွင်းရောက်ရှိပြီးဖြစ်ကာ ကျန်းမာရေးအာဏာပိုင် များမှာ စိုက်ပျိုရေးထွက်ကုန်များသင်္ဘော တင်ပို့သည့် ဂိတ်များတွင်စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ ဇန်နဝါရီလ (၁၇) ရက်နေ့မှ စတင်၍ နိုင်ငံတကာ အစားအသောက် လုံခြုံစိတ်ချရမှုဆိုင်ရာ အာဏာပိုင်များ ကွန်ရက်မှ အမေရိကန်ပြည်ထောင်စုမှတင်ပို့သော ပန်းသီးများသည် Listeria monocytogenes ပါဝင်သဖြင့် သတိပေးတားမြစ်ချက်ထုတ်ပြန်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံမှ ပန်းသီးတင်သွင်းမှု ကိုတားမြစ်ပိတ်ပင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ နိုင်ငံတကာသို့တင်ပို့သည့် စီးပွားဖြစ်ထုတ်လုပ်သောပန်းသီးများ နှင့် ထုပ်ပိုးထားသော ပန်းသီးများကို ပြန်လည်သိမ်းဆည်းသွား ရမည်ဖြစ်ပါသည်။ အဆိုပါဘတ်တီးရီးယားကို နို့၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အနီရောင် အသားများတွင် တွေ့ရှိရပြီး မွေးကင်းစကလေးများ၊ ကလေးသူငယ်များ၊ နာမကျန်းသူများ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအား စနစ်အားနည်းသော သူများတွင်ဖြစ်ပွားတတ်သည့်ပြင်းထန်ပြီးလူကိုသေစေနိုင်လောက်သော ရောဂါပိုးများ ကိုတိုက်ဖျက်နိုင်ပါသည်။ အဆိုပါဘက်တီးရီးယားကူးစက်ခံရသူများသည် ကာလတိုရောဂါ လက္ခဏာများဖြစ်သည့်အဖျားပြင်းထန်ခြင်း၊ ဦးခေါင်းကိုက်ခဲခြင်း၊ တောင့်တင်းခြင်း၊ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ဖြစ်ပေါ်စေကာအချို့ကိစ္စများတွင်သေဆုံးသည်အထိ ဖြစ်ပေါ်စေပါသည်။ အင်ဒိုနီးရှားနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ် သည့် Yusni Emilia Harahap ၎င်း၏ဌာနအနေဖြင့် နိုင်ငံတွင်းရောဂါ မဖြစ်ပွားစေရန် အမေရိကန်နိုင်ငံမှ တင်သွင်းသည့်ပန်းသီးများကို ဓါတ်ခွဲခန်းများတွင်စစ်ဆေးမှုများ စတင်လုပ်ဆောင် လျက်ရှိကြောင်း၊ အချို့နေရာများမှပန်းသီးနမူနာများကိုရယူပြီး ဓါတ်ခွဲခန်းများတွင် စစ်ဆေးသွား မည်ဖြစ်ကာတွေ့ရှိချက်အဖြေများကို ဇန်နဝါရီလ (၃၀) ရက်နေ့ခန့်တွင် ရရှိမည်ဟု မျှော်လင့်ကြောင်း နှင့်တွေ့ရှိချက်များရရှိပါက ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား နိုင်ငံ၏ တရားဝင်တင်သွင်းမှုခွင့်ပြုချက်မှတ်တမ်းများအရ ၂၀၁၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် အမေရိကန်နိုင်ငံ Bidart Bros. မှ ရောင်းချတင်သွင်းသည့်ပန်းသီးများကို လိုင်စင်ခွင့်ပြုမှုမရှိသေး ကြောင်းလည်း သိရှိရပါသည်။
မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ