မြိတ်စခန်းမှ ရေထွက်ကုန်တင်ပို့မှုတွင် ငါးမှုန့်တင်ပို့မှုက ဒုတိယနေရာမှာရှိနေ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ငါးမှုန့် တင်ပို့မှုမှာ တန်ချိန် ၁၆၅၀ တန် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁၁၅ သန်းရှိ၍မြိတ်စခန်း၏ ရေထွက်ကုန် တင်ပို့မှုမှာ ဒုတိယနေရာတွင် ရှိနေပါတယ်။မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ငါးမှုန့်တင်ပို့မှုမှာ တန်ချိန် ၁၆၀၃၆ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၉ ဒသမ ၃၈၃ သန်းရှိပြီး လအလိုက်တင်ပို့မှုမှာအောက်ပါ အတိုင်းဖြစ်ပါတယ်-
စဉ် လအမည် တန်ချိန် တန်ဖိုး(ကန်ဒေါ်လာသန်း)
၁။ ဧပြီ ၆၂၀.၆ ဝ.၃၄၁
၂။ မေ ၁၅၃၀.ဝ ဝ.၈၄၂
၃။ ဇွန် ၁၄၀ဝ.ဝ ဝ.၇၇၀
၄။ ဇူလိုင် ၁၃၄၅.ဝ ဝ.၇၅၂
၅။ ဩဂုတ် ၃၁၄၀.ဝ ၁.၇၆၉
၆။ စက်တင်ဘာ ၁၄၇၅.ဝ ဝ.၈၃၀
၇။ အောက်တိုဘာ ၁၃၆၀.၉ ဝ.၇၇၁
၈။ နိုဝင်ဘာ ၂၀၃၅.ဝ ၁.၂၀ဝ
၉။ ဒီဇင်ဘာ ၁၄၈၀.ဝ ဝ.၉၉၃
၁၀။ ဇန်နဝါရီ ၁၆၅၀.ဝ ၁.၁၁၅
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ငါးမှုန့်တင်ပို့မှုမှာ ဩဂုတ်လတွင် အများဆုံးဖြစ်ပါတယ်။ ခင်မြနွယ် MIRT (DCCA)