ကားဆက်စပ်ပစ္စည်းအဝတ်အထည်၊ အလှကုန်များ ကျပ် ၃၉ သိန်းကျော်ဖိုး မှန်လုံယာဉ်ပေါ်မှ သိမ်းဆည်းရမိ
မန္တလေး-မူဆယ် ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်မှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးရန် နောင်ချိုယာယီအခြေပြု Mobile Team လရ-၁အဖွဲ့ တာဝန်ထမ်းဆောင် နေစဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၃း၃၀ ချိန်ခန့်မှာ သစ္စာဟိဏ်းမှန်လုံယာဉ် 8D/xxxx ပေါ်မှ Geer Wheel Pinion၊ အနံ့ရည်၊ ကလေးအဝတ်အထည်၊ အလှဆီ၊ လက်သည်းဖျက်ဆေး၊ Acrylic Powder ၊ Soldering Station Quick ၊ Injet ink ၊ ကားဘန်ဘာ၊ Portable Air Compressor စတဲ့လူသုံး၊ အိမ်သုံး ပစ္စည်း ၁၀မျိုး၊ ခန့်မှန်းတန်ဖိုး ၃၉၁၄၀ဝ၀ ကျပ်အား သိမ်းဆည်းရမိတဲ့အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်အရေးယူ ထားပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
DCCA DCCA