ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ " (၆၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ပြပွဲ " ကျင်းပပြုလုပ်
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော ဓ (၆၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ဓ အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အဝေရာကုန်းသာယာကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှုအဖွဲ့များ၊ NGO အဖွဲ့များ၊ ကျောင်းသူကျောင်းသားများနှင့် ပြည်သူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပေးပို့သောသဝဏ်လွှာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ လည်းကောင်း၊ ပြည်ထောင်စုနာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းမှ ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပေးပို့သော သဝဏ်လွှာ အား ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီးမှ လည်းကောင်း ဖတ်ကြားတင်ပြခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် ဓမ္မစကူးပြခန်း၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ပြခန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်း၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနပြခန်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ လျှပ်စစ်နှင့် ဓါတ်အားဖြန့်ဖြူးရေး ဝန်ကြီးဌာနပြခန်း၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ပြခန်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့ပြခန်း၊ သစ်တောရေးရာဝန်ကြီးဌာနမှ ဦးစီး၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြခန်း၊ သစ်တောဦးစီးဌာနပြခန်းနှင့် မြန်မာ့သစ်လုပ်ငန်းပြခန်း၊ ကုန်းလမ်းပို့ဆောင်ရးဝန်ကြီးဌာနပြခန်း၊ ပညာရေးဝန်ကြီးဌာနပြခန်း၊ စက်မှုလက်မှုဝန်ကြီးဌာနပြခန်းများ ဖွင့်လှစ်ပြသခဲ့ပြီး အဆိုပါကွင်း၌ မုန့်စားပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲအစရှိသည့် အားကစားပြိုင်ပွဲများလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပြခန်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်လံကြည့်ရှုခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပတ်သက်သော ကုန်သွယ်မှုအခြေအနေ၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်း များကို စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးအောင်မှ လှည့်လည်ကြည့်ရှုသူများ၏ မေးမြန်းမှုများမှ သိလိုသော အကြောင်းအရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
စိုးအောင် (ရှမ်းပြည်နယ်)