ဖေဖော်ဝါရီလဆန်းမှာ ပင်လယ်ရေကြောင်းမှရော်ဘာပိုမိုတင်ပို့
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဖေဖော်ဝါရီ ပထမပတ်မှာ မလေးရှားနဲ့ စင်ကာပူနိုင်ငံသို့ ရော်ဘာ ၇၆၄ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၉၈၁ သန်းဖိုးရရှိပြီး၊ ယခင်ရက်သတ္တပတ်ထက် ၅၃၂ တန်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ် ။နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေကတော့ မလေးရှားနိုင်ငံကို RSS 3 ၆၁၈ တန်နဲ့ RSS 5 ၂၃ တန် နီးပါး၊ စင်ကာပူနိုင်ငံကို RSS 3 ၁၂၃ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုတစ်ပတ်မှာ နိုင်ငံတကာရော်ဘာဈေးများ အနည်းငယ်တက်လာကြောင်း သိရှိရပါတယ်။ ဒါကြောင့် ပြည်ပပို့မဲ့ မြန်မာ့ရော်ဘာဈေးလည်း တစ်တန်လျှင် ဒေါ်လာ ၅၀ ခန့်မြင့်တက်လာပါတယ်။ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားတဲ့ ရော်ဘာဈေးများကတော့-
RSS 1 တစ်တန်လျှင် ဒေါ်လာ ၁၄၅၀-၁၅၅၀
RSS 2 တစ်တန်လျှင် ဒေါ်လာ ၁၄၀ဝ-၁၅၀ဝ
RSS 3 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀
RSS 4 တစ်တန်လျှင် ဒေါ်လာ ၁၃၀ဝ-၁၄၀ဝ
RSS 5 တစ်တန်လျှင် ဒေါ်လာ ၁၂၅၀-၁၃၅၀
RSS 10 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀
RSS 20 တစ်တန်လျှင် ဒေါ်လာ ၁၃၀ဝ-၁၄၀ဝ
RSS 50 တစ်တန်လျှင် ဒေါ်လာ ၁၂၀ဝ-၁၃၀ဝ
Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၁၁၅၀-၁၂၅၀ ဖြစ်ပါတယ်။
ယဉ်ယဉ်အေး MIRT (DCCA)