နှမ်းဖြူအခွံချွတ်တင်ပို့မှုပိုမို
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကန်ဒေါ်လာ သုည ဒဿမ ၂၀၉ သန်းတန်ဖိုးရှိ နှမ်းဖြူ(အခွံချွတ်) ၁၀၇ တန် တင်ပို့နိုင် ခဲ့ပါတယ်။ယခင်တစ်ပတ်က ၇၈ တန်သာ တင်ပို့နိုင်ခဲ့လို့ ယခုရက်သတ္တပတ်မှာ မူဆယ်မှ နှမ်းဖြူ(အခွံချွတ်) တင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။ယခုတစ်ပတ် မူဆယ်နဲ့ချင်းရွှေဟော် စခန်း ၂ ခုပေါင်း တင်ပို့ခဲ့တဲ့ နှမ်းတန်ချိန်ကတော့ ၆၇၇ တန်ဖြစ်ပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ ယခင်ရက်သတ္တပတ်က နှမ်းဖြူတစ်တန်ကို ၂၁၄၅၁၀၃ ကျပ်မှ ၂၀၇၈၁၉၂ ကျပ်သို့လည်းကောင်း၊နှမ်းနက် တစ်တန်ကို ၂၂၂၇၄၀၇ ကျပ်မှ ၂၁၆၁၁၁၁ ကျပ်သို့လည်းကောင်း ဈေးများကျဆင်းခဲ့ပါတယ်။နယ်အစုံက နှမ်းဝင်ရောက်တာ များပြားပေမဲ့ ရန်ကုန်နဲ့မန္တလေးမှ ဝယ်ယူမှုနည်းပါးတာကြောင့် ဈေးတွေပြန်လည် ကျဆင်းရတာဖြစ်တယ်လို့ ကုန်စည်ဒိုင်မှ သိရပါတယ်။ ယခုတစ်ပတ်ရဲ့စခန်းအလိုက် တင်ပို့တဲ့ နှမ်းရောင်စုံတွေကို ဖော်ပြပေး လိုက်ပါတယ်။
တန်ချိန်-ကိန်းပြည့်
နှမ်းအမျိုးအစား မူဆယ် ချင်းရွှေဟော်
နှမ်းဖြူ ၂.၅ -
နှမ်းနက် ၆၄.၅ ၅၀ဝ
နှမ်းဖြူ(အခွံချွတ်) ၁၀၇.ဝ -
နှမ်းလှော် ၃.ဝ -
မော်မော်အောင် MIRT (DCCA)