ကိုရီးယားနိုင်ငံတွင် ဒေါက်တာဘွဲ့ရရှိထားသူများ၏ ထက်ဝက်ခန့်မှာ တရုတ်လူမျိုးများဖြစ်

   ကိုရီးယားသမ္မတနိုင်ငံတွင် Ph.D ဒေါက်တာဘွဲ့ရ နိုင်ငံခြားသားများ၏ထက်ဝက်ခန့်မှာတရုတ်လူမျိုးများဖြစ်ကြသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့က Korea Research Institute for Vocational Education & Training က ထုတ်ဝေသောစာရင်းအရ ၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၁၄ ခုနှစ် ဖေဖော် ဝါရီလအတွင်း ဒေါက်တာဘွဲ့ရရှိခဲ့သည့် နိုင်ငံခြားသား ၇၅၃ ဦးတွင် ၃၃၃ ဦး (၄၄ ဒသမ ၈ ရာခိုင်နှုန်း)သည် တရုတ်နိုင်ငံမှဖြစ်ကြသည်။ ယင်းတို့ အနက်မှ အိန္ဒိယမှ ၇၅ ဦး (၁၀ ဒသမ ၁ ရာခိုင်နှုန်း)၊ ဗီယက်နမ်မှ ၇၂ ဦး (၉ ဒသမ ၇ ရာခိုင်နှုန်း)နှင့် ပါကစ္စတန်မှ ၃၆ ဦး (၄ ဒသမ ၈ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။

   ဘာသာရပ်များအနေဖြင့် အင်ဂျင်နီယာဘာသာရပ်တွင် အများဆုံး ဖြစ်ပြီး ၃၀ ဒသမ ၉ ရာခိုင်နှုန်း၊ သဘာဝသိပ္ပံဘာသာတွင် ၂၇ ရာခိုင်နှုန်း၊ လူမှုသိပ္ပံတွင် ၁၄ ဒသမ ၉ ရာခိုင်နှုန်း၊ လူမှုဗေဒတွင် ၁၂ ဒသမ ၉ ရာခိုင်နှုန်းနှင့် ဆေးပညာဘာသာရပ်တွင် ၉ ရာခိုင်နှုန်းတို့ အသီးသီးဖြစ်ကြ သည်။ ဒေါက်တာဘွဲ့ရသူများတွင် အမျိုးသမီးဦးရေပိုများပြီး ၄၆၄ ဦး(၆၁ ဒသမ ၆ ရာခိုင်နှုန်း) ဖြစ်ကြသည်။ အဘယ်ကြောင့် ကိုရီးယားတွင် Ph.D ဘွဲ့ယူသနည်းဆိုသည့် မေးခွန်းအပေါ်တွင် ဓာတ်ခွဲခန်း Lab များအပါအဝင် သုတေ သနပြုလုပ်ရန် အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်သည်ဟု ၃၇ ဒသမ ၆ ရာခိုင်နှုန်းကဖြေဆိုပြီး၊ သုတေသနဌာနများနှင့် ကော်ပိုရေးရှင်းများတွင် အလုပ်ရရှိကြသည့် Ph.D ကျောင်း သား အရေအတွက်မှာ ဘွဲ့ရစုစုပေါင်း၏ ထက်ဝက်ကျော် ၅၄ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့အပြင် ကိုရီးယားတွင်အလုပ်ရှိကြသော နိုင်ငံခြားသား Ph.D ဘွဲ့ရ စုစုပေါင်း ၁၄၆ ဦးအနက်မှ ၄၄ ဦး (၃၀ ဒသမ ၁ ရာခိုင်နှုန်း) သည် ကိုရီးယားတွင် ကာလကြာရှည်နေထိုင်လိုကြောင်း ဖြေကြားခဲ့ကြသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့