မလေးရှားနိုင်ငံမှ ဒီဇင်ဘာလ ရော်ဘာတင်ပို့မှုပမာဏ ယမန်နှစ်ကာလတူထက် ၁၆ ရာခိုင်နှုန်းကျော်လျော့နည်းကျဆင်း
မလေးရှားနိုင်ငံမှ ဒီဇင်ဘာလအတွင်း ရော်ဘာစိမ်း တင်ပို့မှုဟာ ၆၉၄၃၈ တန်ရှိပြီး ယမန်နှစ် ကာလတူထက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းလျော့နည်းကျဆင်းခဲ့တယ်လို့ စာရင်းအင်းဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ပြည်ပသို့ ဒီဇင်ဘာလအတွင်း စုစုပေါင်း ရော်ဘာစိမ်း တင်ပို့မှုပမာဏမှ SMR (Standard Malaysia Rubber ) ဟာ ၉၅ ရာခိုင်နှုန်းကျော်ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး ဂျာမဏီ၊ အမေရိကန်၊ အီရန်၊ တောင်ကိုရီးယား၊ ဘရာဇီးလ်၊ တူရကီ၊ ဖင်လန်နဲ့ ပေါ်တူဂီလ်နိုင်ငံများသို့ အောက်ဖော်ပြပါပမာဏအတိုင်း တင်ပို့ခဲ့တာဖြစ်ပါတယ်။
နိုင်ငံ ရာခိုင်နှုန်း နိုင်ငံ ရာခိုင်နှုန်း
တရုတ် ၄၈.၃ တောင်ကိုရီးယား ၂.၁
ဂျာမဏီ ၉.၇ ဘရာဇီးလ် ၁.၆
အမေရိကန် ၅.ဝ တူရကီ ၁.၇
အီရန် ၁၂.၉ ဖင်လန် ၁.၇
ပေါ်တူဂီလ် ၁.၇
မလေးရှားနိုင်ငံရဲ့ ရော်ဘာစိမ်းထုတ်လုပ်မှုပမာဏဟာ ယမန်နှစ်ကာလတူထက် ၃၂ ရာခိုင်နှုန်းလျော့နည်း ခဲ့ပြီး သိုလှောင်ရုံလက်ကျန်ပမာဏဟာလည်း ၁၃၇၉၉၀ တန်သာရှိပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနဲ့ နှိုင်းယှဉ်ပါက ၁၇ ဒသမ ၈ ရာခိုင်နှုန်းလျော့နည်းနေတယ်လို့ သိရပါတယ်။
CMK