မြဝတီကုန်သွယ်ရေးဇုန်မှ လယ်ယာထွက်ကုန်ကိုသာ အဓိကတင်ပို့
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ လယ်ယာ ထွက်ကုန်ပစ္စည်းများကို အဓိကတင်ပို့နေ သောနယ်စပ် စခန်းတစ်ခုဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာလည်း ကန်ဒေါ်လာ သုည ဒသမ ၄၃၇ သန်းတန်ဖိုးရှိ လယ်ယာ ထွက်ကုန်များဖြစ်သော ကြက်သွန်နီ ၂၀၉ တန်ကျော်၊ မြေပဲဆံ ၃၃၄ တန်ကျော်၊ ကြံ တန် ၅၀ဝ၊ ဂျင်းခြောက် ၅ တန်ကျော်၊ နနွင်းတက် ၄ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် MIRT ( DCCA)