စားသောက်ကုန်ကြမ်း (၃) မျိုးအတွက် FDA ထောက်ခံချက်တောင်းခံရန်မလိုဘဲ တင်သွင်းနိုင်

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စားသောက်ကုန်ကြမ်း ပစ္စည်းများအား FDA ထောက်ခံချက်ဖြင့် သွင်းကုန်လိုင်စင်အား စိစစ်ပြီး ပြည်တွင်းသို့ တင်သွင်းခွင့်ပြုပေးလျက် ရှိပါတယ်။ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်တွင်ကုန်သွယ်မှု လုပ်ငန်းများဆောင် ရွက်နေသော xxxx Co,Ltd မှ ဂျယ်လီပြုလုပ်ရာမှာ အသုံးပြုတဲ့ စားသောက်ကုန်ကြမ်းများ (၆) မျိုးတင်သွင်းခွင့်လျှောက် ထားခြင်းအပေါ် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဌာန FDA သို့  တရားဝင် သဘောထားမှတ်ချက်တောင်းခံခဲ့ရာမှာ စားသောက်ကုန်ကြမ်း ၆ မျိုးအနက် ၃မျိုးအား FDA ထောက်ခံချက်မလိုအပ်ကြောင်းနဲ့ ကျန် ၃ မျိုးကိုတော့ FDA ထောက်ခံချက်လိုအပ်ကြောင်း FDA မှ ပြန်ကြားထားပါတယ်။ FDA ထောက်ခံချက်မလိုဘဲ လိုင်စင်လျှောက်ထားတင်သွင်းရမဲ့စားသောက်ကုန်ကြမ်း  ၃ မျိုးမှာ -

         

          Potassium Citrate

          Potassium Sorbate Granmular

          Citric Acid Monohydrate တို့ဖြစ်တယ်လို့ သိရပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်သက်ဝင်ပါတယ်။

                                                                                    

 

   သွင်းကုန်၊ နေပြည်တော်