ထိုင်းနိုင်ငံက ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ထိန်းထားဆဲဖြစ်

   ၂၀၁၄ ခုနှစ်အတွင်းက စီးပွားရေးမရေရာမှုများတည်ရှိခဲ့ပေမယ့် ထိုင်းနိုင်ငံအပါအဝင် အာဆီယံဒေသနိုင်ငံတွေက စီးပွားရေးယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ရာမှာကောင်း မွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် ရဲ့ ၂၀၁၄ ခုနှစ်ကမ္ဘာ့ပြိုင်ဆိုင်မှုစွမ်းရည် အစီရင်ခံစာမှာဖော်ပြထား ပါတယ်။

  ''၂၀၁၄ ခုနှစ်က စီပွားရေးအခြေအနေမရေရာမှုတွေရှိခဲ့ပေမယ်လို့ထိုင်းနိုင်ငံရဲ့ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကတခြားအေအီးစီနိုင်ငံတွေလိုပဲ  အတော်လေးတည်ငြိမ်မှုရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေရှိခဲ့ပေမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်က စစ်တမ်းကောက်ယူခဲ့တဲ့ ၁၄၄ နိုင်ငံ အနက် ၃၁ နိုင် ငံမြောက် နေရာမှာရောက်ရှိကာ ယခင်ထက် အဆင့်ခြောက်ဆင့် ပိုမိုမြင့်တက်လာ၏တာကို တွေ့ရပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့လည်း မြင့်တက်လာတာတွေ့ရပါတယ်။ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့သာ အနည်းငယ်ကျဆင်းခဲ့ပါတယ်''လို့ Grant Thornton (Thailand) ရဲ့ အာရှစီးပွားရေး အသိုက်အဝန်းကျွမ်းကျင်သူ အင်ဒရူးမက်ဘင်းက ပြောပါတယ်။

  ယခုစစ်တမ်းကို ၂၀၁၄ခုနှစ် မေလအတွင်းကဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ အာဏာသိမ်းပွဲမတိုင်မီ ကောက်ယူခဲ့တာဖြစ်ပေမယ့် ဘဏ္ဍာရေးဖွံ့ဖြိုးမှု၊  ဈေးကွက်စွမ်းဆောင်ရည်နဲ့ အမျိုးသားအဆင့် စီးပွားရေး သဘာဝပတ်ဝန်းကျင်မဏ္ဍိုင်စတဲ့ နယ်ပယ်တွေမှာ ထိုင်းနိုင်ငံက ဆက်လက်ထိန်းသိမ်းနိုင် ခဲ့ကြောင်း သူကပြောပါတယ်။

   ထိုင်းနိုင်ငံအတွက် အဓိကထားပြီး အလေးပေးဆောင်ရွက်ရမှာက ''အသွင်ကူးပြောင်းမှုအဆင့်'' ကို ဦးတည်ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ ဒီအဆင့်မှာ ရေရှည်စိန်ခေါ်မှုတွေ နဲ့ ကြုံတွေ့ရမှာဖြစ်ပြီး ပညာရေးပြုပြင်ပြောင်းလဲရေး၊   တီထွင်ဆန်းသစ်မှုမြှင့်တင်ရေး၊  ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်ကို လေးစားကာကွယ်ရေးနဲ့ဝန်ဆောင်မှု လုပ်ငန်းမှာယှဉ်ပြိုင်နိုင် မှု စွမ်းဆောင်ရည်ကို ထူးထူးခြားခြားတိုးမြှင့်ရေးစတဲ့ လုပ်ငန်းတွေပါဝင်ကြောင်း  သူကပြောပါတယ်။

ဉာဏ်တင်