တရုတ်-ကိုရီးယား FTA ကြောင့် နှစ်နိုင်ငံရှိ လယ်သမားနှင့် ရေလုပ်ငန်းရှင်များ အနည်းငယ်သက်သာ

    တောင်ကိုရီးယားနှင့် တရုတ်လွတ်လပ်သောကုန်သွယ်မှုစာချုပ်၏ ကနဦးသဘောတူညီချက်ကို နှစ်နိုင်ငံအစိုးရများသည် ဖေဖော် ဝါရီလ ၂၅ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ကြ သည်။ သို့သော်စာချုပ်တွင်လယ်ယာထွက်ကုန်များနှင့် ရေထွက်ပစ္စည်းများကို အထူးအရေးကြီး(sensitive)အဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး၊ ဈေးနှုန်းနည်းသည့် တရုတ် လယ်ယာထွက်ကုန်  အချို့ကို ပြည်တွင်း၌ထုတ်လုပ်နေဆဲဖြစ်သည့် ကိုရီးယားလယ်သမားအတွက်ထိခိုက်မှုရှိနေဆဲဖြစ်သည်။

   နှစ်နိုင်ငံအစိုးရများသည် လယ်ယာထွက်ကုန်နှင့် ရေထွက်ပစ္စည်းများ စုစုပေါင်းအမယ် ၁,၆၁၁မျိုးမှ ၁,၀၂၂ မျိုးတို့ကို sensitive items (441 items) နှင့် ultra-sensitive items (581 items) အဖြစ်သတ်မှတ်ထားခဲ့ကြသည်။ ကန ဦးဆွေးနွေးကြစဉ်က ဆန်ကို ယင်းစာရင်းတွင် ထည့်သွင်းမထားဘဲ ဂျုံ၊ အာလူး၊ အမဲသား၊ ဝက် သား၊ ကြက် သား၊ နို့မှုန့်၊ ဒိန်ခဲ၊ အခွန်ပွ လိမ္မော် သီး၊ ကီဝီသီး၊ ဖရုံသီး၊ ငရုတ်ကောင်း၊ ကြက်သွန် နီ၊ ဂျင်း၊ ပန်း သီး၊ သစ်တော်သီးနှင့် စပျစ်သီးများလည်း sensitive items များစာရင်းတွင် ပါဝင်ခြင်းမရှိကြောင်းလည်းသိရသည်။

   အခြားစားသုံးမှု အများဆုံးဖြစ်သည့် ရေထွက်ပစ္စည်းများဖြစ်သည့် ပြည်ကြီးငါး၊ ပင်လယ်ငါးကြီး (ဟဲလိဗတ်ငါး)၊ ငါးပါးနီ၊ မက် ကရယ်ငါး၊ ဂဏန်းပြာတို့ကို သက်သာခွင့် မပေးသော ရေထွက်ကုန်များ (non-concession items) များအဖြစ်သတ်မှတ်ထားသည်။ စုစု ပေါင်းရေထွက်ကုန် ၆၂၉ မျိုးတွင် ၈၂ ရာခိုင်နှုန်းအား sensitive items( 429  items) နှင့် ultra-sensitive items(87 items) တို့အဖြစ်သတ်မှတ်ထားခဲ့ကြသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဆိုးလ်မြို့