လောင်စာဆီပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများအခက်အခဲနဲ့ရင်ဆိုင်နေရ

 

 အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်၊တမင်လောင်ခရိုင်နဲ့တောင်ပေါ်ခရိုင်များမှာဓါတ်ဆီ၊ဒီဇယ်လောင်စာဆီများ ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများအခက်အခဲနဲ့ရင်ဆိုင်နေရပြီး အခြား ပြည်နယ်များမှ ဝင်ရောက်လာတဲ့ လောင်စာဆီကုန်တင်ယာဉ်များဟာလည်း လမ်းပိတ်ဆန္ဒပြမှုတွေကြောင့်ရပ်တန့်ပေးနေရတဲ့အတွက် အချိန်ကြာမြင့်နေကြောင်းThe Samgai Express သတင်းစာ မှာ ဖော်ပြထားပါတယ်။ပြည်နယ်အစိုးရအနေနဲ့ လောင်စာဆီပြတ်လပ်မှုမဖြစ်စေရေး အလေးပေးဆောင်ရွက်ပေးရန်လိုကြောင်းနဲ့ လောင်စာဆီ မှောင်ခိုဈေးမှာလည်း အလွန်မြင့်မားနေကြောင်း သတင်းရရှိပါတယ်။

 

                                                                                                စိုးနိုင်(တမူး)