၂၀၁၄ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၏ လျှပ်စစ်ခများကျဆင်း

   နယ်သာလန်နိုင်ငံတွင်လျှပ်စစ်ခများသည် ၂၀၁၃ ခုနှစ်၌ပျမ်းမျှအားဖြင့် ၁ မီဂါဝပ်လျှင် ၅၂ ယူရိုခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၄၁ ယူရိုသို့ကျဆင်း ခဲ့ကြောင်း၊ ထိုသို့ကျဆင်းခဲ့ရခြင်း အဓိကအကြောင်းအရင်းများမှာ သဘာဝဓာတ်ငွေ့ဈေးနှုန်းပိုမိုသက်သာခဲ့ခြင်း၊ ကျောက်မီသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံသစ် ၃ ရုံ ဖွင့်လှစ်ခဲ့ခြင်း၊ နော်ဝေနိုင်ငံနှင့် ဂျာမနီနိုင်ငံ တို့မှ ဈေးနှုန်းပိုမိုသက်သာ လျှပ်စစ်ဓာတ်အားများတင်သွင်းနိုင်ခဲ့ခြင်း တို့ကြောင့်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုဖြစ်သော Tennet ၏ ထုတ်ပြန်ကြေညာချက်တစ်ရပ် အရသိရှိရပါသည်။