သြင်္ကန်လွန်ကာလ စိန်တစ်လုံးသရက်တင်ပို့မှုမြင့်တက်

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေလပထမပတ်တွင် ကန်ဒေါ်လာ သုည ဒသမ ၉၀၆ သန်း တန်ဖိုးရှိ သရက်သီး ၂၆၆၅ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလဆန်းပိုင်းစတင်ပို့စဉ်က ၇၀၅ တန် ခွဲသာ တင်ပို့ခဲ့ရာမှ ယခုအခါ တန်ချိန် ၂၀၀၀ ကျော်ထိ ပို့အားတက်လာတာတွေ့ရပါတယ်။ လယ်ယာထွက်ကုန်သီးနှံဖြစ်တဲ့ စိန်တစ်လုံး သရက်များကို ယခုလကုန်အတွင်း ကိုရီးယားနိုင်ငံဈေးကွက်သို့တင်ပို့ရောင်းချသွားမှာ ဖြစ်ကြောင်း၊ စိန်တစ်လုံးသရက်သီးများရဲ့ သဘာဝအနံ့၊ အရသာကောင်းမွန်မှု၊ သီးလုံး အရွယ်အစားနဲ့ အလေးချိန်တွေကို ကိုရီးယားမှအလွန်ကြိုက်နှစ်သက်ကြောင်းသိရပါတယ်။ မြန်မာရွှေသစ်သီးဝလံကုမ္ပဏီမှ မြန်မာစိန်တစ်လုံး သရက်သီး၊ ဖရဲသီး၊ သခွားမွှေးများ ကို ရာသီအလိုက် တရုတ်နိုင်ငံအပြင် ဟောင်ကောင်၊   စင်ကာပူ၊ မလေးရှားနိုင်ငံတွေကိုတင်ပို့လျက်ရှိကြောင်းလည်းသိရပါတယ်။

မော်မော်အောင် (MIRT)