အာဆီယံလျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ပြန်ပြည့်မြဲစွမ်းအင်က ထက်ဝက်ခန့်ပါဝင်

၂၀၀၂ ခုနှစ်မှ    ၂၀၁၂ ခုနှစ် ကာလအတွင်း အာဆီယံဒေသမှာ ပြန် ပြည့်မြဲစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှု က ၈၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အင်္ဂလန်နဲ့    ဝေလနယ်ရှိ   မှတ်ပုံတင်  စာရင်းကိုင်များတက္ကသိုလ်က  ပြုစုတဲ့ အစီရင်ခံစာတစ်စောင်ဖြစ်တဲ့ Econo- mic Insight  အစီရင်ခံစာကို ကိုးကား ပြီး နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များ က ယခုအချိန်မှာ အာဆီယံဒေသ လျှပ် စစ်ဓာတ်အားထုတ်လုပ်မှု  အားလုံးရဲ့ ထက်ဝက်ခန့်သာ  ရှိပါသေးတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် အာဆီယံ နိုင်ငံတွေမှာ   ပြန်ပြည့်မြဲစွမ်းအင်က  ရေနံထုတ်လုပ်မှု   အချိုးအစားထက် မြင့်တက်လာတာကို   မတွေ့ရသေးပါ ဘူး။
စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေ မှာ အချိုးအစားတိုးတက်မှုက တစ်ရာ ခိုင်နှုန်းစီသာရှိနေပါသေးတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စင်ကာပူနိုင်ငံရဲ့ပြန်ပြည့်မြဲ စွမ်းအင်မှ လျှပ်စစ်ဓါတ်အားထုတ်လုပ် မှုက စုစုပေါင်းစွမ်းအင်ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့   စင်ကာပူ နိုင်ငံရေရှည်တည်တံ့တဲ့ စွမ်းအင်အသင်း(Sustainable Energy Association of Singapore)  ကပြောပါတယ်။
ဒီလိုဆောင်ရွက်ဖို့ဆိုရင်   ပြန် ပြည့်မြဲစွမ်းအင်  ထုတ်လုပ်မှုတိုးတက် နှုန်းက ရုပ်ကြွင်းလောင်စာမှစွမ်းအင် ထုတ်လုပ်မှုတိုးတက်နှုန်းထက်ပိုမို လျင် မြန်စွာတိုးတက်အောင်  ဆောင်ရွက်ဖို့ လိုကြောင်း ပြောပါတယ်။တစ်ချိန် တည်းမှာ  စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးနဲ့  ဖွံ့ဖြိုးရေးအဖွဲ့ မှ   အဖွဲ့ဝင်နိုင်ငံတွေကလည်း သူတို့ ထုတ်လုပ်မှုကို   လျင်မြန်စွာတိုးတက် အောင်  ဆောင်ရွက်လျက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုး တက်မှုနှုန်းက  နှေးကွေးနေတယ်လို့ ထင်ရပေမယ့် ၂၀၀၈ ခုနှစ်နောက်ပိုင်း မှာ အရှိန်အဟုန်နဲ့  တိုးတက်လာခဲ့ပါ တယ်။ ဥရောပဒေသရဲ့ တိုးတက်မှုက အိုအီးစီဒေသတိုးတက်မှုထက်ပိုမိုလျှင် မြန်ခဲ့ပါတယ်။  ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ် လုပ်မှုမှာ ပြန်ပြည့်မြဲစွမ်းအင်ရဲ့ခွဲတမ် း  က ၉ ရာခိုင်နှုန်းပိုမိုလာတာကို တွေ့ရ ပါတယ်။ တောင်အာဖရိကမှာ သန့်ရှင်း တဲ့ စွမ်းအင်အတွက်   ရင်းနှီးမြှုပ်နှံမှု က ၂၀၁၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိခဲ့ပါတယ်။ ၂၀၁၀  ပြည့်နှစ်နောက်ပိုင်းမှ    ၈ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရပါတယ်။

 

ဉာဏ်တင်-စုစည်းတင်ပြသည်