ရက်သတ္တပါတ်အတွင်း စီးပွားရေးသတင်းတိုများ

ကွာလာလမ်ပူ
ဂရိကြွေးမြီ   အကျပ်အတည်းနဲ့ တရုတ်စီးပွားရေးနှေးကွေးကျဆင်း မှုကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေး ကျဆင်းနေပေမယ့် အာဆီယံဒေသ တစ်ခုလုံး    ဖွံ့ဖြိုးမှုခိုင်မာနေတဲ့ အတွက်  အာဆီယံကဒေသတွင်း ကုန်သွယ်မှုကို အလေးပေးဆောင် ရွက်ပြီး  စီးပွားရေးပေါင်းစည်းမှုကို ဆောင်ရွက်သွားမှာ   ဖြစ်ကြောင်း၊ မလေးရှား   အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့  စက်မှုဝန်ကြီးဌာန အတွင်းဝန်ချုပ်တန်ဆရီဒေါက်တာ ရီဘက်ကာဗာတီမာစတာ မာရီယာ က သတင်းထောက်များအားဇူလိုင် လ ၁၀ ရက်က ပြောကြားချက်ကို ကိုးကားပြီး ဘာနားမားသတင်းမှာ ဖော်ပြပါတယ်။
ဘရပ်ဆဲလ်
ပြိုကွဲနေတဲ့  နိုင်ငံရဲ့စီးပွားရေးကို အဖတ်ဆယ်နိုင်ဖို့နဲ့   ယူရိုဇုန်မှာ နေရာဆက်လက်တည်မြဲနိုင်ရေး အတွက် နောက်ဆုံး ဆုံးဖြတ်ချက် တစ်ရပ်အဖြစ် ဂရိနိုင်ငံက ကယ် တင်မှုချေးငွေ ပြုပြင်ပြောင်းလဲရေး အစီအစဉ်သစ်ကို ဇူလိုင်၁၉ရက်က နောက်ဆုံးသတ်မှတ်ချိန် မတိုင်မီ ၂ နာရီအလိုတွင်တင်ပြခဲ့ကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြ ထားပါတယ်။
တိုကျို
ဂျပန်စက်ယန္တရား   အမှာစာ များက မေလအတွင်းမှာမမျှော်လင့် ဘဲမြင့်တက်ခဲ့ရာ  စုစုပေါင်းတန်ဖိုး အရ ခုနစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ အဲဒီအချက် ဟာ  စီးပွားရေးလုပ်ငန်းများရဲ့ မတည်ရင်းနှီးငွေများ တိုးတက်လာ တာကို ပြသနေတဲ့  ညွှန်ကိန်းတစ်ခု ဖြစ်ကြောင်း   ဇူလိုင်လ ၉ ရက်က ဝန်ကြီးအဖွဲ့ရုံးမှ ထုတ်ပြန်တဲ့ ကိန်း ဂဏန်းများကို ကိုးကားပြီး ဂျပန် တူဒေးသတင်းမှာ ဖော်ပြပါတယ်။
မနီလာ
ဖိလစ်ပိုင်   နိုင်ငံသားတို့က ငွေသား  ကိုင်တွယ်သုံးစွဲရတာကို ပိုမိုသဘောကျတဲ့အတွက် အေတီ အမ်ကတ်ကိုင်ဆောင်သူ ၁၀ ဦး အနက်လေးဦးသာ အေတီအမ်ကတ် များကို အမှန်တကယ် အသုံးပြုကြ ကြောင်းBank of Philippine Island  မှ  Debit and Prepaid Business Product  ဌာနခွဲမှ ဒုတိယဥက္ကဋ္ဌရန်းဂျီဘဆိုင်းရဲ့ ပြော ကြားချက်ကို ကိုးကားပြီး ဖိလစ်ပိုင် စတားသတင်းမှာ ဖော်ပြပါတယ်။