စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်ပစ္စည်းအမယ်များ (Negative List) ကြေညာ

     နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  ကုန်သွယ်မှုလျင်မြန်လျော့မွေ့စေရေးအတွက် လိုင်စင်လျှောက်ထားရန် မလိုသော ကုန်ပစ္စည်းအမယ်များအား ထုတ်ပြန်ကြေညာပြီး ဖြေလျှော့မှုများကို စတင်ဆောင်ရွက်ခဲ့ပါတယ်။  
     ထိုသို့ဆောင်ရွက်ပြီးနောက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၁၃)နှင့် (၃၃/၂၀၁၃) တို့ဖြင့် ပို့ကုန် ပစ္စည်း ၁၅၂ မျိုး၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုး တို့ကို ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားရ ယူရန် မလိုဘဲ တင်ပို့၊ တင်သွင်းခွင့်ပြုခဲ့ပါတယ်။ ထို့အပြင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ ပိုမို လွယ်ကူရှင်းလင်းစွာဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင်အမိန့်ကြော်ငြာ စာအမှတ် (၇၂/၂၀၁၃) ဖြင့် သွင်းကုန်ပစ္စည်း ၁၆၆ မျိုးကို H.S Code လိုင်းပေါင်း ၁၉၂၆ လိုင်းဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ ထပ်မံ ၍ သွင်းကုန်လိုင်စင်လျှောက်ထား ရယူရန် မလိုသော သွင်းကုန်ပစ္စည်း ၁၆၆ မျိုး အတွက် H.S Code လိုင်းပေါင်း ၁၉၂၆ လိုင်း အပြင်  H.S Codeလိုင်းပေါင်း  ၁၅၃ လိုင်း  ထပ် ပေါင်း၍ စုစုပေါင်း ၂၀၇၉ လိုင်းအား သွင်းကုန် လိုင်စင်လျှောက်ထားရယူရန်မလိုသော ပစ္စည်း များအဖြစ် ၂၀၁၄ ခုနှစ်၊  ဇူလိုင်လတွင် အမိန့် ကြော်ငြာစာအမှတ် (၃၈/ ၂၀၁၄) ဖြင့် ထပ်မံ၍ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
    မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ASEAN အဖွဲ့ဝင်နိုင်ငံဖြစ်သည့်  အားလျော်စွာ WTO ၏Agreement on Import Licensing Procedures အရလည်းကောင်း၊ အာဆီ ယံနိုင်ငံများတွင် ကျင့်သုံး လျက်ရှိသော လုပ်ထုံးလုပ်နည်းများအရလည်းကောင်း လိုက်လျောညီထွေဖြစ်စေရန် ဆောင်ရွက်လျက် ရှိရာ ယခုအခါပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ပိုမို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခင်လိုင်စင်လျှောက် ထားရန် မလိုသည့် ကုန်စည်စာရင်းများကို ထုတ်ပြန် ကြေညာခြင်းအစား မြန်မာနိုင်ငံ၏ HS Code 2012 Version  အရ ကုန်စည်လိုင်းပေါင်း ၄၄၀၅ လိုင်းအား သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည်စာရင်း (Negative List) အဖြစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါ တယ်။ ၎င်းအရ ကျန်ရှိသည့် သွင်းကုန်အမယ် ၅၀၀၀ ခန့်ကို လိုင်စင်လျှောက်ထားရန်မလိုဘဲ တင်သွင်းနိုင်ပြီး၊  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ လွယ်ကူ လျင်မြန်စွာဆောင်ရွက်နိုင်မှာ ဖြစ် ပါတယ်။ အဆိုပါ (Negative List)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ website ဖြစ်သော www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။
    ထို့အပြင် ယခင်ထုတ်ပြန်ထားသည့် သွင်း ကုန်လိုင်စင်ရယူရန် မလိုသော ကုန်စည်လိုင်း အချို့အား ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စ၍ ရက်ပေါင်း ၉၀ ပြည့်မြောက်ပါက သွင်း ကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့် ပြုသွားမည်ဖြစ်ပြီး ယခုထုတ်ပြန်သော အမိန့်စာ သည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁ရက်နေ့မှ စတင် ၍ အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိ ရပါတယ်။ ယခင်ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ အမှတ် (၁၆/၂၀၁၃)၊ (၃၃/၂၀၁၃)၊ (၇၂/ ၂၀၁၃) နှင့် (၃၈/၂၀၁၄) များအား ဤအမိန့် ကြော်ငြာစာဖြင့်  လွှမ်းမိုးပယ်ဖျက်လိုက်ပြီြ ဖစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။