DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

            ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃မှ၂၂-၈-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၁.၄၉၁) ဒေါ်လာသန်း၊ သွင်းကုန် (-)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၄၉၁)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၉၇.၄၅%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်တယ်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ် လ ၂၃ ရက်နေ့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

                  မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၂၁ ) ရက်နေ့မှ ( ၂၂ ) ရက် နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၆၂၉) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၅၁) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၆၈) ဒေါ်လာ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်း တစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့

          ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ ၀၇ ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့်  မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများ ရှိခဲ့၍ ယာဉ်သွားလာ မှုများ ရပ်တန့်သွားခဲ့ပြီး လမ်းပိုင်းပြင်ဆင်နိုင်‌ရေးသက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်းဖြစ်သည်။

ဩဂုတ်လ (၂၂) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၆၈၄) ဒေါ်လာသန်း၊ သွင်းကုန် (၁.၁၇၅) ဒေါ်လာသန်း၊ စုစုပေါင်း (၁.၈၅၉) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၆၁.၉၇%) ဆောင်ရွက်ပြီးဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

            ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၂) ရက်နေ့မှ ဩဂုတ်(၂၂) ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၅.၈၁၆) ဒေါ်လာသန်း၊ သွင်းကုန် (၃၆.၉၈၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၅၂.၈၀၂) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

          လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၁-၈-၂၀၂၃) မှ (၂၂-၈-၂၀၂၃) ရက်နေ့အတွင်း ပို့ကုန်တင်ပို့နိုင်မှုမရှိခဲ့ကြောင်း တွေ့ရှိရသည်။