အကောက်ခွန်လွတ်အရောင်းဆိုင်လက်မှတ်များ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များ

၁။    ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(ရောင်းဝယ်ရေးလုပ်ငန်း)။
၂။    ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်။
၃။    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်သတ်မှတ်ထားသော ဌာန၏ ဆိုင်ခန်း ဖွင့်လှစ်ခွင့်ပြုကြောင်းထောက်ခံချက်နှင့် ဆိုင်ခန်းငှားရမ်းစာချုပ်။
၄။    အကောက်ခွန်ဦးစီးဌာနမှ အာမခံသိုလှောင်ရုံ Bonded Warehouse ထားရှိ ဆောင်ရွက်ခွင့် လိုင်စင်။
၅။    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့်ယစ်မျိုးလိုင်စင် (FL-19)၊
၆။    ဖွင့်လှစ်မည့်ဆိုင်တည်နေရာပြ Layout Plan။
၇။    မှတ်ပုံတင်ကြေး ၅၀,၀၀၀/- ကျပ်၊ သက်တမ်းတိုးကြေး ၅၀,၀၀၀/-ကျပ်နှင့် ပြင်ဆင်ကြေး တစ်ချက်လျှင် ၁,၀၀၀/- ကျပ်။
၈။    အကောက်ခွန်လွတ်အရောင်းဆိုင်မှတ်ပုံတင်သက်တမ်းအား (၁)နှစ်ခွင့်ပြုပါသည်။
၉။    အကောက်ခွန်လွတ်အရောင်းဆိုင်လက်မှတ်ရရှိရန် ကြာမြင့်ချိန်(၇)ရက်။