ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားရာတွင် ဘာတွေ လိုအပ်ပါ သလဲ?

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားရာတွင် အောက်ပါ အချက် အလက်များလိုအပ်ပါသည်-
            (က)    ကုမ္ပဏီ၏ Phone, Fax, Email တို့ပါရှိသည့် Letter Head ပါလျှောက် လွှာ၊
            (ခ )     ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် MyCo(Extract)၊
            (ဂ)     အများပိုင်ကုမ္ပဏီဖြစ်ပါကလုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်၊

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကြေး ဘယ်လောက်ပေးသွင်းရပါသလဲ?

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ဆောင်ရွက်ရာတွင် မှတ်ပုံတင် ကြေး(၂၀၀၀၀၀)ကျပ်နှင့်online ကြေး(၃၀၀၀)ကျပ်ပေးသွင်းရပါသည်။

စီးပွားရေးအကျိုးဆောင်မှတ်ပုံတင် အသစ် / သက်တမ်းတိုး / ပြင်ဆင် လျှောက် ထားရာတွင် ဘာတွေလိုအပ်ပါသလဲ?

စီးပွားရေးအကျိုးဆောင်မှတ်ပုံတင် အသစ် / သက်တမ်းတိုး / ပြင်ဆင် ထားရာတွင် အောက်ပါ အချက်အလက်များ လိုအပ်ပါသည်-
            (က)    ကုမ္ပဏီ Letter Head ပါလျှောက်လွှာ
            (ခ )     စီးပွားရေးအကျိုးဆောင်ခန့်အပ်သည့်စာ/စာချုပ် (မူရင်း + မိတ္တူ+ Notary +သံရုံး)။
            (ဂ )    ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ။    

Car Sale Center / Car Show Room / EV Show Room ခွင့်ပြုလက်မှတ် လျှောက်ထားရာတွင် ဘာတွေလိုအပ်ပါ သလဲ?

Car Sale Center / Car Show Room / EV Show Room ခွင့်ပြုလက်မှတ် လျှောက်ထားရာတွင် အောက်ပါအချက်အလက်များလိုအပ်ပါသည်-
            (က)    ကုမ္ပဏီ၏ Phone, Fax, E-mail တို့ပါရှိသည့် letter Head ဖြင့် လျှောက်လွှာ။
            ( ခ )     စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လက်မှတ်။
            ( ဂ )     ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်(မိတ္တူ)။

Car Sale Center / Car Show Room မှတ်ပုံတင်လက်မှတ် လျှောက်ထားရာ တွင် အချိန်ဘယ်လောက် ကြာမြင့်ပါသလဲ?

Car Sale Center / Car Show Room မှတ်ပုံတင်လက်မှတ် လျှောက်ထားရာ တွင် လိုအပ်သည့်အထောက်အထားများ ပြည့်စုံပါက အလုပ်လုပ်ရက်(၅)ရက် အတွင်း ဆောင်ရွက်ပေးပါသည်။ 

Car Sale Center / Car Show Room မှတ်ပုံတင်ကြေး ဘယ်လောက်ပေးသွင်း ရပါသလဲ?

Car Sale Center / Car Show Room မှတ်ပုံတင်လက်မှတ်ဆောင်ရွက်ရာတွင် မှတ်ပုံတင်ကြေး(၁၀၀,၀၀၀)ကျပ် နှင့် online ကြေး(၃၀၀၀)ကျပ် ပေးသွင်းရပါ သည်။