အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း၊ အုပ်စု(၁၁)ဝင်းရှိ အောက်ဖော်ပြပါ သိုလှောင်ရုံအဆောက်အဦ (၅)လုံးတို့အား အိတ်ဖွင့်တင်ဒါခေါ်ယူ၍ (၅)နှစ် သက်တမ်း၊ (၁)နှစ် တစ်ကြိမ် စာချုပ်စနစ်၊ ငှားရမ်းမှုတန်ဖိုး၏(၁)လစာအား စပေါ်ငွေအဖြစ်ထားရှိ၍ ငှားရမ်းခနှင့် ကုန်သွယ်လုပ်ငန်းခွန်(၅%)တို့အား (၁၂)လစာကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် နှစ်စဉ်ငှားရမ်းခကို ၅% တိုးမြှင့်၍ ငှားရမ်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်-
(က) Lot(1) သိုလှောင်ရုံအမှတ်(၅)၊ အကျယ်အဝန်း (အလျား၆၀'x အနံ၇၅'x အမြင့်၁၇') (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း) အဆောက်အဦ(၁)လုံး။
Lot(2) သိုလှောင်ရုံအမှတ်(၆)၊ အကျယ်အဝန်း (အလျား၁၄၀'xအနံ၈၀'x အမြင့်၁၇') (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း) အဆောက်အဦ(၁)လုံး။
Lot(3) သိုလှောင်ရုံအမှတ်(၇)၊ အကျယ်အဝန်း (အလျား၁၅၀' x အနံ၈၀' xအမြင့်၁၇') (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း) အဆောက်အဦ (၁) လုံး။
Lot(4) သိုလှောင်ရုံအမှတ်(၈)၊ အကျယ်အဝန်း (အလျား၁၇၅'xအနံ၈၀'x အမြင့်၁၇') (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း) အဆောက်အဦ(၁)လုံး။
Lot(5) သိုလှောင်ရုံအမှတ်(၁၀)၊ အကျယ်အဝန်း(အလျား၁၂၀'x အနံ၇၅'x အမြင့် ၁၇') (သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်အခင်း) အဆောက်အဦ(၁)လုံး။
( ခ ) တင်ဒါပုံစံရောင်းချမည့်နေ့ရက် - ( ၇ - ၂-၂၀၂၂ မှ၇-၃-၂၀၂၂ ထိ )
( ရုံးချိန်အတွင်း)
( ဂ ) တင်ဒါပုံစံရောင်းချမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်
တင်ရေးအဖွဲ့၊ရုံးအမှတ်(၃)၊နေပြည်တော်
(ဃ ) တင်ဒါစည်းကမ်းရှင်းလင်းခြင်းနှင့် - တင်ဒါဝယ်ယူသူများသို့ဆက်သွယ်
တင်ဒါတင်သွင်းဖွင့်ဖောက်မည့်နေ့ရက် အကြောင်းကြားပေးပါမည်။
( င ) နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ၊မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့၊ ရုံးအမှတ်(၃)၊ နေပြည် တော်။
၂။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ငှားရမ်းမည့်အခန်းများ၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ရောင်းချမည့်နေရာတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း(၀၆၇-၄၀၈၆၁၃ နှင့် ၀၁-၃၈၉၃၄၁) သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန