CLMV

ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (၄) နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု

Cambodia- Laos- Myanmar-Vietnan (CLMV)

 

 

နိဒါန်း

၁။       CLMV နိုင်ငံများသည် ပထဝီအနေအထားအရ အရှေ့တောင်အာရှနိုင်ငံများဧရိယာ၏  32% ကို လွှမ်းခြုံထားသည့် နိုင်ငံများဖြစ်ပြီး အာဆီယံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ 9% နီးပါးရှိသည်။ CLMV နိုင်ငံများသည် ဗဟိုစီမံကိန်းရေးဆွဲခြင်းမှ ဈေးကွက်စီးပွားရေးစနစ်သို့ သွားနေခြင်းဖြစ်ပါသည်။ CLMV နိုင်ငံသားများသည် ကနဦးအနေဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအားဖြင့် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည်။ ၎င်းစီးပွားရေးလုပ်ငန်းများကို ကြွယ်ဝသော သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဈေးနှုန်းသက်သာသော လုပ်သားခတို့ဖြင့် မတည်ဆောင်ရွက်လျှက်ရှိသော်လည်း အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ အားနည်းသည့်အတွက် စီးပွားရေးလုပ်ငန်းများသည် ဖွံ့ဖြိုးမှုနည်းပါးလျှက် ရှိသည်။ CLMV နိုင်ငံများတွင် ဗီယက်နမ်နိုင်ငံမှအပ ကျန်နိုင်ငံများသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဖြစ်သည်။ CLMV သည် ဒေသတွင်း စီးပွားရေးအခြေခံကောင်းများကို အသုံးချလျက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသတွင်းရှိ ပြည်သူများ လူနေမှုဘ၀ တိုးတက်လာစေရန် ဖြစ်ပါသည်။

ရည်ရွယ်ချက်

၂။       CLMV ၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (၄) နိုင်ငံပါဝင်သည့် ဒေသခွဲတွင်း လူမှုရေး၊ စီးပွားရေးနှင့်၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်သွားရန်နှင့် စီအယ်အမ်ဗွီနိုင်ငံများ၏ စီးပွားရေးအလားအလာကောင်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများအဖြစ် အသုံးပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း ပိုမိုမြှင့်တင်သွားရန် ဖြစ်ပါသည်။

CLMV ရှေ့လုပ်ငန်းစဉ်အပေါ် သုံးသပ်တင်ပြခြင်း

၃။       အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)   CLMV နှင့် ACMECS အကြား တူညီနေသော၊ ထပ်နေသောလုပ်ငန်းများကို မူလကသတ်မှတ်ထား သည့် အတိုင်း ACMECS ကပင် အကောင်အထည် ဖော်ဆောင်ရွက်ရန်။

          ( ခ )   ACMECS နှင့် လုပ်ငန်းချင်းထပ်မနေသောCLMV လေးနိုင်ငံ ASEAN စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်နှင့်ပတ်သတ်သည့် မူဝါဒရေးရာကိစ္စ ရပ်များကို ဆောင် ရွက်ရန်။

       ( ဂ )  ACMECS နှင့်ထပ်မနေသော၊ မတူညီသောလုပ်ငန်းများနှင့် ACMECS အစီအစဉ် အောက်ရှိ ကဏ္ဍကြီး ၆ ခု လုပ်ငန်းစီမံကိန်းများ အနက် CLMV နှင့်သာဆိုင်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို CLMV ကသာ ဆောင်ရွက်ရန်။

          (ဃ)    ACMECS တွင် လုံးဝပါဝင်ခြင်းမရှိသည့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများကို CLMV ကသာ ဆောင်ရွက်ရန်။

          ( င )     နောင်တွင် CLMV နှင့် ACMECS အကြား လုပ်ငန်းများ ထပ်မနေစေရန်အတွက် သတိပြု ဆောင်ရွက်ကြရန်။

ပါဝင်ဆောင်ရွက်ရမည့်ကဏ္ဍများ

၄။   စီအယ်လ်အမ်ဗွီလုပ်ငန်းများ ပီပြင်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တတိယအကြိမ် မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးမှ အတည်ပြုခဲ့သည့် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများနှင့် ဦးဆောင် ရမည့် နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)   ကမ္ဘာလှည့်ခရီးသွားကဏ္ဍ                                     -    ကမ္ဘောဒီးယားနိုင်ငံ

          ( ခ )     ပို့ဆောင်ရေးကဏ္ဍ                                                -    လာအိုနိုင်ငံ

          ( ဂ )     စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်ကဏ္ဍ                               -    မြန်မာနိုင်ငံ

          (ဃ)    ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အိုင်စီတီ၊ အိပ်ချ်အာရ်ဒီ       -    ဗီယက်နမ်နိုင်ငံ

CLMV ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ

၅။       ACMECS အစီအစဉ်၏ Economic Cooperation Strategy Plan of Action (ECSPA) အရ CLMV နိုင်ငံများသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းစီမံချက်များကို ရေးဆွဲအကောင်အထည် ဖော်လျှက် ရှိပါသည်။ Trade နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့၏ နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရမည့် စီမံကိန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံစီမံကိန်းများ

                   (၁)     ညီအစ်မမြို့တော်များ     -         Siem Reap နှင့် ပုဂံမြို့

                   (၂)     ကုန်သွယ်မှုသတင်းအချက်အလက်ဖလှယ်ရေး လွယ်ကူချောမွေ့စေရန် ဆက်သွယ်ရေး ပွိုင့် ထူထောင်ရန်၊

                   (၃)     အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန် အလည်အပတ်ခရီးစဉ်များ စီစဉ်ဆောင်ရွက်ရေး၊

          (ခ)     မြန်မာ-လာအို နှစ်နိုင်ငံစီမံကိန်းများ

                   (၁)     ညီအစ်မမြို့တော်များ-လောင်ပရာဘမ်နှင့်ပုဂံမြို့၊Tonpheung- ဝမ်ပုံ (To be Confirmed)

                   (၂)     နယ်စပ်ကုန်သွယ်ရေးကိုတိုးမြှင့်ရန်နှင့် နှစ်နိုင်ငံသုံးငွေကြေးများ ပိုမို အသုံးပြုရေး၊

                   (၃)     တတိယနိုင်ငံသို့ တစ်ဆင့်ခံကုန်သွယ်မှု လျင်မြန်ချောမွေ့ရေး၊

                   (၄)     ကုန်သွယ်မှုသတင်းအချက်အလက်ဖလှယ်ရေးလွယ်ကူချောမွေ့စေရေးအတွက် ဆက်သွယ်ရေးပွိုင့် ထူထောင်ရေး၊

                   (၅)     ကုန်စည်ပြပွဲများ ပူးပေါင်းပါဝင်ပြသရေး၊

                   (၆)     နှစ်နိုင်ငံကြား နယ်စပ်ဒေသတွင် ဈေးပွဲတော်များကျင်းပရေး၊

                   (၇)     နယ်စပ်ကုန်သွယ်မှုများကို ဝမ်ကျင်း-စီကောက်နှင့် ဝမ်ပုံ-မိုင်းမော Check Point များတွင် စတင်ဆောင်ရွက်ရန်၊

          (ဂ)     မြန်မာ-ဗီယမ်နမ် နှစ်နိုင်ငံစီမံကိန်းများ

                   (၁)     ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ခိုင်မာစေရေး၊

                   (၂)     ဈေးကွက်အခွင့်အလမ်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊

CLMV အစည်းအဝေးကျင်းပမှုများ

၆။       ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံပါဝင်သည့် CLMV ထိပ်သီးအစည်းအဝေးကို နှစ်နှစ်တစ်ကြိမ် အလှည့်ကျကျင်းပခဲ့ပါသည်။ အစည်းအဝေးကျင်းပမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    ပထမအကြိမ်ထိပ်သီးအစည်းအဝေး          -   လာအိုနိုင်ငံ၊၂၀၀၃ ခုနှစ်

          (ခ)     ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေး         -   ကမ္ဘောဒီးယား၊၂၀၀၄ ခုနှစ်

         (ဂ)     တတိယအကြိမ်ထိပ်သီးအစည်းအဝေး       -   စီဘူးမြို့၊ ဖိလစ်ပိုင်နိုင်ငံ၊ ၁၂-၁-၂၀၀၇

         (ဃ)    စတုတ္ထအကြိမ်ထိပ်သီးအစည်းအဝေး        -   ဟနွိုင်းမြို့၊ ဗီယက်နမ်နိုင်ငံ၊ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်မှ (၇) ရက်ထိ

         (င)     ပဉ္စမအကြိမ်ထိပ်သီးအစည်းအဝေး           -   ဖနွမ်းပင်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ၊၁၆-၁၁-၂၀၁၀

         (စ)     ဆဌမအကြိမ်ထိပ်သီးအစည်းအဝေး          -   ဗီယင်ကျန်းမြို့၊ လာအိုနိုင်ငံ၊ ၁၃-၃-၂၀၁၃

        (ဆ)    သတ္တမအကြိမ်ထိပ်သီးအစည်းအဝေး        -   နေပြည်တော်၊ မြန်မာနိုင်ငံ၊ ၂၂-၆-၂၀၁၅

       (ဇ)   အဌမကြိမ်မြောက်ထိပ်သီးအစည်းအဝေး        -    ဟနွိုင်းမြို့ ၊ ဗီယက်နမ်နိုင်ငံ၊ ၂၆-၁၀-၂၀၁၆

       (ဈ)  နဝမကြိမ်မြောက်ထိပ်သီးအစည်းအဝေး        -   ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ၊ ၁၆-၆-၂၀၁၈

       (ည) ဒဿမကြိမ်မြောက်ထိပ်သီးအစည်းအဝေး      -    Video Conferencing၊ ၉-၁၂-၂၀၂၀

၇။      ၉-၁၂-၂၀၂၀ ရက်နေ့တွင် Virtual Meeting စနစ်ဖြင့် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေးတွင် ပူးတွဲကြေညာချက် (Joint Statement) နှင့် စီအယ်လ် အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင် (Framework for CLMV Development) နှင့် CLMV ဦးစားပေး    စီမံကိန်းများစာရင်းကို အတည်ပြုထုတ်ပြန်ခဲ့ပါသည်။

၈။       အစည်းအဝေးတွင် အတည်ပြုခဲ့သောထုတ်ပြန်ချက်ခဲ့သော ပူတွဲကြေညာချက်တွင် အောက်  ဖော်ပြပါအချက်များ ပါဝင်ပါသည်-

              (က)   စီအယ်လ်အမ်ဗွီနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမြှုပ်နှံမှု၊ အိမ်နီးချင်းကောင်း ပီသမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးပြုမှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားရန် ၊

              ( ခ )   အခြေခံအဆောက်အဦနှင့် ပြည်သူအချင်းချင်း ပေါင်းစည်းဆက်နွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားရန်နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် လူ့စွမ်းအား                               အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် ၊

              ( ဂ )   ယခုအစည်းအဝေးတွင် အတည်ပြုသည့် စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်အရ (၁) ပေါင်းစည်းဆက်နွယ်မှု (၂) အထောက်အပံ့ပေးနိုင်မည့် အစီ အမံများနှင့် (၃) ယှဉ်ပြိုင်နိုင်စွမ်း အားသာချက်ရှိသည့်ကဏ္ဍတို့တွင် ပူးပေါင်း                              ဆောင်ရွက်မှုများကို ဦးစားပေးဆောင်ရွက်သွားရန် ၊

              (ဃ)    စီအယ်လ်အမ်ဗွီ ဦးစားပေးစီမံကိန်းများအား ရန်ပုံငွေထောက်ပံ့နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံ / အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ၊

              ( င )   အာဆီယံပေါင်းစည်းမှုအဆင့်မြှင့်တင်နိုင်ရေးနှင့် “အာဆီယံဒေသတွင်း ဆက် သွယ်ချိတ်ဆက်မှုစီမံချက် ၂၀၂၅” အား ထိရောက်စွာ အကောင်အထည်ဖော်နိုင် ရေးတို့ကို အထောက်အကူပြုနိုင်ရန်အတွက် အခြေခံအဆောက်အဦ                                   ပေါင်းစည်း ဆက်နွယ်မှု ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ယန္တရားစနစ်နှင့် စီးပွားရေး ပေါင်းစည်းဆက်နွယ်မှု ၊ ပြည်သူအချင်းချင်း ပေါင်းစည်းဆက်နွယ်မှု  ကဏ္ဍ (၃) ရပ်တို့တွင် အဆင့်မြှင့်တင် ပူးပေါင်းဆောင်ရွက်သွားရန် ၊

              ( စ )   အခြေခံအဆောက်အဦ ပေါင်းစည်းဆက်နွယ်မှုကဏ္ဍတွင် ပို့ဆောင်ရေး ၊ စွမ်းအင်နှင့် သတင်းအချက်အလက် ၊ ဆက်သွယ်ရေးနှင့်နည်းပညာကဏ္ဍများ အကြား ပူးပေါင်းဆောင်ရွက်သွားရန် ၊

              (ဆ)    စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု ၊ စက်မှု နှင့်စိုက်ပျိုးရေးကဏ္ဍများတွင် တိုးမြှင့်ဆောင်ရွက်သွားရန် ၊

              ( ဇ )   ပြည်သူအချင်းချင်း ပေါင်းစည်းဆက်နွယ်မှုကဏ္ဍတွင် ပညာသင်ဆုများ ပေးအပ် ခြင်းအပါအ​ဝင် အဖွဲ့ဝင်နိုင်ငံများအကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်မှုနှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်                                             ပူးပေါင်းဆောင် ရွက်သွားရန် ၊

              (ဈ)     (၁၁) ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပသွားရန် ၊

၉။      အစည်းအဝေးတွင် အတည်ပြု ထုတ်ပြန်ခဲ့သော စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင် တွင် အောက် ဖော်ပြပါအချက်များ ပါဝင်ပါသည်-

              (က)    ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုသည့် အကောက်ခွန်စနစ်များ၊ တီထွင်ဆန်းသစ် သည့်စီးပွားရေးပုံစံများ၊ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးသဘောတူညီ ချက်များ၊ စီအယ်လ်အမ်ဗွီမြို့တော်များအချင်းချင်း                                                       ချိတ်ဆက်နိုင်မည့်မီးရထား နှင့် အဝေးပြေးလမ်းကြောင်းများ အကောင်အထည်ဖော်နိုင်ရန်၊ အင်တာနက် ကွန်ယက်စနစ်အသုံးပြုမှု ပိုမို မြှင့်တင်သွားရန်အတွက် သင်တန်းများဖွင့်လှစ် သွားရန်၊ ဆိုက်ဘာလုံခြုံရေး                                                    ပူးပေါင်းဆောင်ရွက်သွားရန်၊ အဖွဲ့ဝင်နိုင်ငံများ အကြား ငွေပေးချေစနစ်များ ချိတ်ဆက်သွားနိုင်ရန် ၊

              ( ခ )   စီအယ်လ်အမ်ဗွီနိုင်ငံများရှိ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဒစ်ဂျစ်တယ် နည်းပညာ၊ စားသောက်ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့်နည်းပညာ၊ စားသောက် ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် နည်းပညာလုပ်ငန်းတို့တွင်                                      ကျွမ်းကျင်သည့် ဝန်ထမ်းအများအပြား မွေးထုတ်ပေးနိုင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင် သည့်သင်တန်းကျောင်းများ တည်ထောင်သွားရန် ၊

              ( ဂ )   ၂၀၃၀ ပြည့်နှစ်တွင် စီအယ်လ်အမ်ဗွီနိုင်ငံများ၌ လူဦးရေး၏ ၉၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ သက်သာသောနှုန်းထားဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေး အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များ ပိုမိုအသုံးချရန်နှင့်                             တွင်းထွက်လောင်စာများအား မှီခိုမှုလျှော့ချနိုင်ရေး ဆောင်ရွက်သွားရန် ၊

              (ဃ)    စီအယ်လ်အမ်ဗွီနိုင်ငံများရှိ စိုက်ပျိုးရေးထုတ်ကုန်များအား အရည်အသွေး ပြည့်မီ စွာ တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြု နည်းပညာများ ဖြင့် ထုတ်လုပ်မှုနည်းပညာများ  ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရန် ၊

              ( င )   ယဉ်ကျေးမှုအမွေအနှစ်နယ်မြေများအား ထိန်းသိမ်းစောင့်ရှောက်ရန် ၊ စီအယ်လ် အမ်ဗွီ လေးနိုင်ငံ ခရီးစဉ်များ ပိုမိုမြှင့်တင်နိုင်ရန်နှင့် လေကြောင်းခရီးစဉ်များ တိုး မြှင့်ရန် ၊

(၁၃) ကြိမ်မြောက် CLMV စီးပွားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲသတင်းထုတ်ပြန်ချက်

၁၀။    (၁၃) ကြိမ်မြောက် CLMV စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် videoconference ဖြင့် ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး (ယခင်-ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန) ဦးအောင်နိုင်ဦးက အစည်းအဝေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

၁၁။    ဝန်ကြီးများက ၂၀၂၀ ပြည့်နှစ်အတွင်း CLMV နိုင်ငံများ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းအပေါ် အသိအမှတ်ပြုခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် CLMV နိုင်ငံများ၏ ကုန်စည် ကူးသန်းရောင်းဝယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၆၂၃.၉ ဘီလီယံအထိ ရောက်ရှိခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ အာဆီယံနိုင်ငံများအားလုံး ကုန်သွယ်မှုတွင် CLMV နိုင်ငံများ၏ ကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်၌ ၂၁.၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၂၃.၄ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ လာအိုနိုင်ငံ၏ တိုးတက်မှုသည် နှစ်စဉ် ၂၈.၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ CLMV နိုင်ငံများသို့ နိုင်ငံခြားတိုက်ရိုက်  ရင်းနှီးမြှုပ်နှံ မှုစီးဝင်လာမှု သည် ၀.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ တန်ဖိုးအားဖြင့် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ငွေ ခန့်မှန်းတန်ဖိုး ၁၅.၈ ဘီလီယံခန့်အထိ အမြင့်ဆုံးရရှိခဲ့ကြောင်း ဖော်ပြ ထားပါသည်။

၁၂။     ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုများသည် ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်သည့်အတွက် ဝန်ကြီးများမှ ပုဂ္ဂလိကကဏ္ဍနှင့် MSMEs ကဲ့သို့ သက်ဆိုင်ရာ stakeholders များနှင့် ပိုမိုနီးကပ်စွာ လုပ်ဆောင်ခြင်း အားဖြင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရေးကို ပိုမိုမြန်ဆန်စေရန်အတွက် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အလေးပေးပြောကြားခဲ့ကြပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို တုံ့ပြန်နိုင်ရန် CLMV နိုင်ငံများအတွက် အဆင့်မြင့်ဒစ်ဂျစ်တယ်နည်းပညာများ၏ အရေးပါမှုနှင့် စီးပွား ရေးပုံစံများ ပြန်လည်သုံးသပ်ခြင်းတို့ကို ဝန်ကြီးများမှ ထပ်လောင်းပြောကြားခဲ့ပါသည်။

၁၃။    ဆက်လက်၍ CLMV Action Plan 2019-2020 အပြီးသတ်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါသည်။ CLMV Action Plan 2021-2022 အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း ဂျပန်နိုင်ငံအစိုးရမှ ထောက်ပံ့ပေးသည့် “Assessment and Training on Two-Step Loan, Credit Guarantee System, and Venture Capital for CLMV” စီမံကိန်း၊ သြစတေးလျနိုင်ငံအစိုးရမှ ထောက်ပံ့ပေးသည့် “Improving Research and Advocacy Skills of Business Associations in CLMV Countries” စီမံကိန်းနှင့် ဂျာမနီနိုင်ငံ အစိုးရမှ ထောက်ပံ့ပေးသည့် “Promotion of Competitiveness within the Framework of the Initiative for ASEAN Integration (COMPETE)” စီမံကိန်းများကို စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ ဝန်ကြီးများမှ အဆင့်မြင့်စီးပွားရေးအရာရှိကြီးများကို လုပ်ငန်းဆောင်ရွက်မှုများအား အချိန် မီ အကျိုးသက်ရောက်မှုရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး ကြီးကြပ်ကွပ်ကဲပေးရန် တာဝန်ပေးအပ်ခဲ့ပါသည်။

၁၄။    ဝန်ကြီးများမှ CLMV ဖွံ့ဖြိုးတိုးတက်မှုမူဘောင် အကောင်အထည်ဖော်ဆောင်ရွက်မှုအစီအစဉ် (မူကြမ်း) ရေးဆွဲရာတွင် တိုးတက်မှုရှိခြင်းအပေါ် ကျေနပ်အားရမှုရှိပါကြောင်း၊ ဝန်ကြီးများမှ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းစေရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားကြရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ကြပါသည်။

CLMV စီးပွားရေးဝန်ကြီးများသည် ၂ နှစ်တာအစီအစဉ်ကိုအတည်ပြု

၁၅။      ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်(CLMV) နိုင်ငံတို့မှ စီးပွား‌ရေးဝန်ကြီးများသည် ကိုဗစ်-၁၉ အလွန်ကာလ စီးပွားရေးပြန်လည်ထူထောင်နိုင်‌မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ ကို အတည်ပြုလိုက်ပြီဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းရှိ Siem Reap ခရိုင်၌ ကျင်းပပြုလုပ်ခဲ့သည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့်အတူ ကျင်းပခဲ့သော (၁၄) ကြိမ်မြောက် CLMV စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။

၁၆။       ဝန်ကြီးများသည် ကဏ္ဍ ၆ ခုပါဝင်သည့် CLMV လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ (The CLMV Action Plan 2023-2024) ကိုအတည်ပြုခဲ့ကြပါကြောင်း၊ အဆိုပါကဏ္ဍ (၆) ခုမှာ (၁) ကုန်သွယ်ရေး နှင့်ရင်းနီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး၊ (၂)  ဒစ်ဂျစ်တယ်  စီးပွားရေး ၊ (၃) ဒေသတွင်းကတိကဝတ် များအား အကောင်အထည်ဖော်ရေး၊ (၄) ကပ်ရောဂါအပြီးပြန်လည်ထူထောင်မှုအစီအစဉ်၊ (၅) CLMV နိုင်ငံများ ဖွံ့ဖြိုးမှုမူဘောင် အကောင်အထည်ဖော်ရေးအစီအစဉ်နှင့် (၆) လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးတို့ဖြစ်ပါကြောင်း၊ ဝန်ကြီးများက အဆင့်မြင့်စီးပွားရေးအရာရှိများအနေဖြင့် လုပ်ငန်းဆောင် ရွက်မှုအား အချိန်မီ အကျိုးသက်ရောက်မှုရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး ကြီးကြပ် ကွပ်ကဲပေးရန် ညွှန်ကြားခဲ့ပါကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က Xinhua သတင်းဌာနကို ပြောကြားခဲ့ပါသည်။

၁၇။      CLMV နိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ် အလယ်အလတ်အဆင့်ဝင်ငွေရှိ သော နိုင်ငံများဖြစ်လာစေရန်အတွက် ၎င်းတို့၏ ၂၀၃၀ မျှော်မှန်းချက်အား အောင်မြင်ပြီးမြောက်စေ ရေးကို အထောက်အကူဖြစ်စေမည့် CLMV ဖွံ့ဖြိုးတိုးတက်မှုမူဘောင် အကောင်အထည်ဖော်ရေးအစီ အစဉ်ကိုလည်း ဝန်ကြီးများမှ အတည်ပြုခဲ့ကြပါသည်။

၁၈။      အဆိုပါ အကောင်အထည်ဖော်ရေးအစီအစဉ်ကို ၂၀၃၀ ပြည့်နှစ်အထိ ရေးဆွဲထားခြင်းဖြစ်ပြီး (၂၀၂၃-၂၀၂၆) ပထမအဆင့်နှင့် (၂၀၂၇-၂၀၃၀) ဒုတိယအဆင့်ဟူ၍ ၂ ပိုင်းခွဲပြီး အကောင်အထည် ဖော်သွားမည် ဖြစ်ပါသည်။

၁၉။      အကောင်အထည်ဖော်ရေးအစီအစဉ်သည် ဖွံ့ဖြိုးမှုမိတ်ဖက်များ ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပရဟိတ အဖွဲ့အစည်းများနှင့်အတူ နိုင်ငံအဆင့် ၊ ဒေသခွဲနှင့် ဒေသဆိုင်ရာအဆင့် ပြင်ပနည်းပညာအကူအညီ များနှင့်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များဖြင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ လိုက်လျောညီထွေရှိစေခြင်းများ ကို ကြိုးပမ်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။

၂၀။      ဝန်ကြီးများမှ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းစေ ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားကြရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

၂၁။      သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ရေးအစီအစဉ်ပါ လုပ်ငန်းစဉ်ကဏ္ဍ (၆) ခု တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ထိရောက်စွာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး များစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

နိဂုံး

၂၂။  စီအယ်လ်အမ်ဗွီနိုင်ငံများအနေဖြင့် AEC Blueprint နှင့်အညီ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် အလေးထား အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများသည် (၄) နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရုံသာမက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုကြောင်း၊ စီအယ်လ်အမ်ဗွီ (၄) နိုင်ငံအကြား ခိုင်မာစွာတည်ရှိထားသည့် ချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် ဒေသ၏ တိုးတက်မှုနှင့် မိမိတို့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်သင့်ပါသည်။

Joint  Statement_1.pdf

Framework for  CLMV Development_1.pdf

Projects.pdf