မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၂၅-၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၆၂၁၆၉.၂၂၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၁၅.၆၈၆)သန်း၊ နယ်စပ်မှ (၄၈၄၄၆.၈၆၉)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၄၀.၃၃၅)သန်း၊ စုစုပေါင်း (၇၁၀၆၁၆.၀၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၅၆.၀၂၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၂၅-၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၂၅-၂-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၂၁၅.၆၇၄ | ၆.၉၂၂ | ၂၂၂.၅၉၆ | |
ကီလို | ၂၇၁၄၉၁.၄၅၅ | ၆၈၂၇.၇၂၆ | ၂၇၈၃၁၉.၁၈၁ | |||
၂ | ပဲတီစိမ်း | US$ | ၁၇၂.၅၇၇ | ၆.၃၇၁ | ၁၇၈.၉၄၈ | |
ကီလို | ၂၁၆၂၄၀.၈၃၀ | ၁၀၃၃၉.၈၉၃ | ၂၂၆၅၈၀.၇၂၃ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၁၇၅ | ၀.၁၇၅ | ||
ကီလို | ၁၆၀.၀၀၀ | ၁၆၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၅၅.၂၄၉ | ၀.၀၀၀ | ၅၅.၂၄၉ | |
ကီလို | ၈၃၅၄၄.၀၈၉ | ၀.၀၀၀ | ၈၃၅၄၄.၀၈၉ | |||
၅ | ကုလားပဲ | US$ | ၁.၁၉၂ | ၀.၀၄၅ | ၁.၂၃၇ | |
ကီလို | ၁၇၃၅.၇၃၅ | ၆၅.၀၀၀ | ၁၈၀၀.၇၃၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၀.၁၉၇ | ၀.၂၈၇ | ၁၀.၄၈၄ | |
ကီလို | ၁၂၈၈၀.၂၅၇ | ၆၅၄.၁၀၀ | ၁၃၅၃၄.၃၅၇ | |||
၇ | မြေထောက်ပဲ | US$ | ၁၂.၈၉၅ | ၂.၂၄၃ | ၁၅.၁၃၈ | |
ကီလို | ၁၆၀၈၉.၀၀၁ | ၃၅၇၁.၅၀၀ | ၁၉၆၆၀.၅၀၁ | |||
၈ | ထောပတ်ပဲ | US$ | ၂.၂၆၅ | ၀.၀၃၀ | ၂.၂၉၅ | |
ကီလို | ၃၅၄၄.၀၇၀ | ၅၂.၅၀၀ | ၃၅၉၆.၅၇၀ | |||
၉ | ပဲယင်း | US$ | ၁၅.၄၀၀ | ၀.၂၄၄ | ၁၅.၆၄၄ | |
ကီလို | ၂၁၇၈၆.၆၄၂ | ၅၄၂.၄၅၀ | ၂၂၃၂၉.၀၉၂ | |||
၁၀ | ပဲကြီး | US$ | ၀.၄၇၂ | ၀.၀၀၀ | ၀.၄၇၂ | |
ကီလို | ၇၄၄.၉၉၃ | ၀.၀၀၀ | ၇၄၄.၉၉၃ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၂၈ | ၀.၆၂၈ | ||
ကီလို | ၉၉၆.၆၆၉ | ၉၉၆.၆၆၉ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၅၉ | ၀.၀၀၀ | ၀.၂၅၉ | |
ကီလို | ၄၂၂.၉၉၀ | ၀.၀၀၀ | ၄၂၂.၉၉၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၁၄ | ၀.၀၀၀ | ၀.၁၁၄ | |
ကီလို | ၁၅၄.၅၀၀ | ၀.၀၀၀ | ၁၅၄.၅၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၇.၄၇၅ | ၀.၀၀၀ | ၇.၄၇၅ | |
ကီလို | ၁၀၀၅၂.၁၂၇ | ၀.၀၀၀ | ၁၀၀၅၂.၁၂၇ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၂၉၈ | ၀.၀၀၀ | ၀.၂၉၈ | |
ကီလို | ၄၁၁.၀၀၀ | ၀.၀၀၀ | ၄၁၁.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၀၇၈ | ၀.၀၇၈ | ||
ကီလို | ၁၉၅.၀၀၀ | ၁၉၅.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၁၈၂ | ၀.၁၈၂ | ||
ကီလို | ၂၁၆.၅၀၀ | ၂၁၆.၅၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၃.၁၀၉ | ၃.၁၀၉ | ||
ကီလို | ၄၄၂၄.၆၂၂ | ၄၄၂၄.၆၂၂ | ||||
၂၀ | မြေပဲဆံ | US$ | ၂၀.၉၁၀ | ၂၀.၆၄၉ | ၄၁.၅၅၉ | |
ကီလို | ၂၁၉၇၁.၁၆၁ | ၂၁၃၉၇.၅၇၈ | ၄၃၃၆၈.၇၃၉ | |||
၂၁ | အခြားပဲ | US$ | ၀.၀၈၁ | ၀.၀၀၀ | ၀.၀၈၁ | |
ကီလို | ၁၀၃.၇၁၀ | ၀.၀၀၀ | ၁၀၃.၇၁၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၁၅.၆၈၆ | ၄၀.၃၃၅ | ၅၅၆.၀၂၁ | ||
ကီလို | ၆၆၂၁၆၉.၂၂၉ | ၄၈၄၄၆.၈၆၉ | ၇၁၀၆၁၆.၀၉၈ | |||
Source: Customs |