2nd ACAFTA WGC အတွက် အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒုတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး (2nd ACAFTA WGC) အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ (ASEAN Caucus) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (ACAFTA WGC) အာဆီယံဥက္ကဋ္ဌ ဖြစ်သူ Mr. Arunan Kumaran သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းအတွက် အာဆီယံကတင်သွင်းထားသည့် အဓိကအချက်များတွင် ကနေဒါနိုင်ငံက ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုလာမှုများအပေါ် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။