လက်ရှိ တမူး နယ်စပ်ကုန်သွယ်ရေး

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 10 း 36 AM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၈-၂-၂ဝ၁၃ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၁၆/၂ဝ၁၃) ဖြင့် ပို့ကုန် (၁၅၂) မျိုး၊ သွင်းကုန် (၁၆၆) မျိုး တို့ကို လိုင်စင် လျှောက်ထား ရယူရန် မလိုဘဲ တင်ပို့/ တင်သွင်းခွင့်ပြု ပေးခဲ့ရာ ကုမ္ပဏီများနှင့် တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် များ အနေဖြင့် အချိန်ကြာ မြင့်မှု၊ ငွေကြေး အပို ကုန်ကျမှုများ မရှိဘဲ လျင်မြန် ချောမွေ့စွာ ကုန်စည် စီးဆင်း လျက်ရှိ ကြောင်းသိရှိရပါသည်။ ထိုအပြင် လုပ်ငန်းရှင် ပြည်သူ အများ ကုန်စည် စီးဆင်းမှု သွက်လက် မြန်ဆန် စေရေး အတွက် ကျန်ရှိ အမယ်များ အနက် အချို့ အမယ်များကိုလည်း ထိုက်သင့် သလို ထပ်မံ ဖြေလျော့ ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

စမ်းစမ်းအေး (တမူး)