မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

     မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့ အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သားတစ်တန်လျှင်(၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၂၁.၆) တန် ၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်း၊ငါးမှုန့်တစ်တန်လျှင်(၉၁၁)ဒေါ်လာနှုန်းဖြင့် (၃၀၀) တန် ၊ တန်ဖိုး (၀.၂၇၃) ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၀.၃၁၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့် ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ်Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံ သို့ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁) တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်း ကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါ သည်။