စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ (၁၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ကပ်လှူပွဲ အခမ်းအနားကျင်းပ

   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် (၁၈) ကြိမ် မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းကပ်လှူဒါန်းပွဲ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးနှင့် ဌာန ဆိုင်ရာအကြီးအကဲများမှ နေပြည်တော်၊ ပျဉ်းမနားမြို့ မြို့သစ်ကျောင်း ဆရာတော် ဘဒ္ဒန္တ ခေမာစာရနှင့် သံဃာတော်များထံသို့  ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။

   ထို့နောက် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများက ဆရာတော် အရှင်သူတော်မြတ်များထံမှ  ငါးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကာ ကထိန်  သင်္ကန်းများ အသီးသီး  ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့တွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး သံဃာတော် အရှင်သူတော်မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။