ကျောက်ဆည်ခရိုင်တွင် ဆောင်းနေကြာများ စိုက်ပျိုးဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ဆောင်းသီးနှံ နေကြာကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်၌ ကျောက်ဆည် မြို့နယ်တွင် ၃၈၈ ဧက၊ စဥ့်ကိုင်မြို့နယ်တွင် ၁၈၇ ဧက၊ မြစ်သားမြို့နယ်တွင် ၁၁၀ ဧကဖြင့် နေကြာ စိုက်ဧက စုစုပေါင်း ၆၈၅ ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
နေကြာကို အောက်တိုဘာလ၊ နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ရိတ် သိမ်းရကြောင်း၊ မျိုးအနေဖြင့် ဆင်းရွှေကြာမျိုး (၁)နှင့် ဆင်းရွှေကြာမျိုး (၂)များကို အများဆုံး စိုက်ပျိုး ကြကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ဘောင်ကြောင်းပေးစနစ်နှင့် ကြဲပက်စနစ်ဟူ၍ စိုက်ပျိုးကြ ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် နေကြာတစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ် ၂၈၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က နေကြာတစ်ဧကလျှင် ငွေကျပ် ၂၅၀,၀၀၀ ခန့်ကုန်ကျခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၂၅-၂၆ တင်းခန့်ထွက်ရှိကာ နေကြာ တစ်တင်းလျှင် ငွေကျပ် ၃၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည့်အတွက် တစ်ဧကလျှင် ငွေကျပ် ၆ သိန်းကျော် အမြတ်ရရှိခဲ့ကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့ တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ နိုဝင်ဘာလ၊ စတုတ္ထပတ်ဈေးနှုန်းအနေဖြင့် နေကြာတစ်တင်း လျှင် ၅၅,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေကြာသီးနှံသည် စိုက်ပျိုးစရိတ် သက်သာပြီး မိသားစုစားသုံးဆီဖူလုံသော သီးနှံဖြစ်သည့်အတွက် နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိ ကြောင်း နေကြာစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA (မန္တလေး)