Tradenet 2.0 စနစ်၊ Online Sale စနစ်နှင့် VMS စနစ် အသုံးပြုနည်းသင်တန်း (သတင်းအပြည့်အစုံ)

Tradenet 2.0 စနစ်၊ Online Sale စနစ်နှင့် VMS စနစ် အသုံးပြုနည်းသင်တန်း

(သတင်းအပြည့်အစုံ)

၁။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။        စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်း ဆောင်လျက် ရှိသော အရာထမ်း၊ အမှုထမ်းတို့အား “ Tradenet 2.0 စနစ်၊ Online Sale စနစ်နှင့် VMS စနစ် အသုံးပြုနည်းသင်တန်း ” နှင့်ပတ်သက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်း များ မှတ်ပုံတင်လက်မှတ်လျှောက် ထားခြင်းဆိုင်ရာကိစ္စရပ်များ ၊ မြေပြင်စစ်ဆေးမှုနှင့်ပတ်သက်၍ E-commerce Registration System စနစ် အသုံးပြုမှု ၊ Myanmar Tradenet 2.0 System အသုံးပြုခြင်း စသည့်အကြောင်းအရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။       အဆိုပါသင်တန်းအား ၂၀၂၅ ခုနှစ်၊  ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့ထိ နေ့လယ် (၁၄:၀၀) နာရီမှ (၁၆:၀၀) နာရီထိ မော်တော်ယာဉ်ဌာနစိတ်အနီးရှိ၊ Multimedia သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

၄။     သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြများ အဖြစ် သတင်းအချက်အလက်နည်းပညာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းပပသူ နှင့် ဒေါ်နွယ်နီဝင်း ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုလွင် နှင့် ဦးစီးအရာရှိ ဒေါ်ခိုင်ငြိမ်းသူတို့မှ နည်းပြအဖြစ် သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။