ကျပ် ၁၆၅ သိန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းမျိုးစုံနဲ့အတူတစ်ဖက်နိုင်ငံလုပ် အရက်တုများ အား မူဆယ် ၁၀၅ မိုင် ထုတ်နုတ်အင်အား Mobile Teamမှ စစ်ဆေးသိမ်းဆည်း
မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန် အားရှောင်ကွင်းပြီး တရားမဝင် ကုန်သွယ်မှု များပြုလုပ် လျက်ရှိကြောင်း သတင်းများအရ မြေပြင်စုံစမ်းမှုများ အချိန်ယူပြုလုပ်ပြီး တရားမဝင် ကုန်ပစ္စည်းများ ယာယီ သိုလှောင်ထားတဲ့ မော်ထောင်ကျေးရွာ အနီးရှိနေရာအား သတင်း အရ ဇန်နဝါရီလ၂၂ ရက် ၁ရး၄၀ ချိန် မှာ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ အကောက်ခွန်မဲ့ပစ္စည်း ၁၀ မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၆၅ သိန်းကျော်ဖိုးအား သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ အကောက်ခွန်မဲ့ ပစ္စည်းများနဲ့အတူ မြန်မာနိုင်ငံ အ တွင်း တရားမဝင် ဖြန့်ဖြူးရန် သယ်ဆောင် လာသော High Commissioner ဖွဲ့စည်းပုံ (0.70 cl ၊ 0.35 cl ၊ 0.20 cl) ပါပုလင်း ၁၉၀ဝ ကျော်ကိုလည်း သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။ အရက်များကို စိစစ်ရာမှာ အရက်တု များဖြစ်ကြောင်း တွေ့ရှိရပြီး သောက်သုံး သူများအတွက် ဘေးထွက် ဆိုးကျိုးများဖြစ်ပေါ်စေနိုင် တဲ့အပြင် တရားဝင် ကိုယ်စားလှယ် တင်သွင်းခွင့် ရထားသော ကုမ္ပဏီများ အကျိုးထိခိုက်စေနိုင် မှာဖြစ်ပါတယ်။ တရားမဝင် အကောက်ခွန်မဲ့ သိမ်းဆည်းရမိ ပစ္စည်းများကတော့ နာရီမျိုးစုံ ၄၉၀လုံး၊ Casio Digital Calculator ၂၄၀ဝခု၊ Bolt & Nut ၅၀ ကီလိုဂရမ်ပါ ၁၃၂ အိတ်၊ Phone Antener (ကြိုးပါ) ၁၅၀ ခု၊ Stamping Foil၂၄၀ ကီလိုဂရမ်၊ Zipper MBB ခဲပါကင်အိတ် ၉၆ ဖာ၊ ဆိုးဆေးမှုန့် (Mepiquat Chloride)၂၆ ကီလိုဂရမ်ပါ ၂၅ ပုံး ၊ High Pure Zinc Oxide ၂၅ ကီလိုဂရမ်ပါ ၁၀ အိတ် အသီးသီးဖြစ်ပါတယ်။သိမ်းဆည်းရမိ အကောက်ခွန်မဲ့ ပစ္စည်းများနဲ့ အရက်တုများကို လုပ်ထုံး လုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်၍ ဖျက်ဆီးမှု၊ လွှဲပြောင်းမှုများကို လုပ်ဆောင်သွားမယ်လို့ သတင်းရရှိပါတယ်။
DCCA DCCA