နှမ်းရောင်စုံတင်ပို့မှုပိုမို
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ဝ၉၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၃၂၃၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်မှ ၆၈ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၁၄၁၃တန် သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်ရဲ့ နှမ်းတင်ပို့မှု ၁၇၅၂ တန်ခွဲ ပိုမိုလာတာတွေ့ရပါတယ်။ ယခုရက်သတ္တပတ်မှာ မူဆယ်ကနေ နှမ်းလှော် ၄ တန်ကျော်တင်ပို့ခဲ့ပါတယ်။ မကွေးမြို့ရှိ လှော်ဖိုကြီးများမှ နှမ်းလှော်တွေကို ရန်ကုန်၊ မန္တလေး ဈေးကွက်တွေကို တင်ပို့ကြရပြီး တရုတ်နဲ့ ကိုရီးယားဈေးကွက်များအထိ တင်ပို့ရကြောင်း၊ တင်ပို့ရတဲ့နိုင်ငံတွေရဲ့ အကြိုက်ကို လိုက်ပြီ နှမ်းလှော်မှုန့်လုပ်ငန်းများလည်း ပြည်တွင်းမှာ လုပ်ကိုင်ကြရကြောင်း မကွေးမြို့မှ နှမ်းလှော်ဖိုလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်ရက်သတ္တပတ်က နှမ်းဖြူတစ်တန်ကို မိမိဘက်ပေါက်ဈေး ၂၁၄၃၃၃၉ ကျပ်မှ ယခု ၂၁၃၆၃၁၁ ကျပ်သို့ ဈေးအနည်းငယ်ကျဆင်းခဲ့ပြီး နှမ်းနက်တစ်တန်ကို ၂၁၄၃၃၃၉ ကျပ်မှ ၂၂၁၈၂၇၉ ကျပ်သို့ ဈေးပြန်လည်မြင့်တက် ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ တစ်လလုံးနယ်စပ်စခန်းအသီးသီးမှ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ ၈၅၆၂ တန်ခန့် ရှိခဲ့ပါတယ်။ ယခုတစ်ပတ်ရဲ့ စခန်းအလိုက် တင်ပို့တဲ့ နှမ်းရောင်စုံတွေကို ဖော်ပြပေးလိုက်ပါတယ်-
တန်ချိန်-ကိန်းပြည့်
နှမ်းအမျိုးအစား မူဆယ် ချင်းရွှေဟော်
နှမ်းဖြူ ၃၄.ဝဝ ၇၇၀.ဝဝ
နှမ်းနက် ၁၇.၅၀ ၁၉၅၁.၅၀
နှမ်းညို ၃၂.၅၀ ၃၇၀.ဝဝ
နှမ်းဖြူ (အခွံချွတ်) ၅၄.ဝဝ -
နှမ်းလှော် ၄.၂၃ -
မော်မော်အောင် MIRT (DCCA)