၂၀၁၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုနည်းပါး

   အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှတွေ့ရှိချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုများမှာ နည်းပါးသွားပြီး ယင်းအနက် အင်ဒိုနီးရှားအမျိုးသားစံချိန်စံညွှန်းနှင့် တံဆိပ်အမှတ်အသား (labelling)) ကိစ္စများလည်းပါဝင်ကြောင်းသိရှိရပါသည်။ ၂၀၁၃ ခုနှစ်အတွင်း အင်ဒို နီးရှားနိုင်ငံ တွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုကိစ္စများမှာ ၆၀၁ ခုရှိပြီး ၂၀၁၄ ခုနှစ်တွင် ၄၆၇ ခုသို့ ကျဆင်းသွားသဖြင့် ရာခိုင်နှုန်းအားဖြင့် ၂၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စံချိန်စံညွှန်းနှင့်စားသုံးသူကာကွယ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့ပါသည်။ ဥပဒေချိုးဖောက်မှုများအနက် အဓိက အားဖြင့် တံဆိပ်အမှတ်အသားမပါရှိခြင်းနှင့် အမျိုးသားစံချိန်စံညွှန်းကို မလိုက်နာခြင်းတို့ဖြစ်ကြပြီး ဆက်လက်၍ စည်းမျဉ်းဥပဒေချိုးဖောက်သည့် ကုန်စည်များ၏ အမည်စာရင်း ကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကာ ၎င်းတို့အားကုန်ပစ္စည်းဖြန့်ဝေခြင်းမှ ရုပ်သိမ်းစေခြင်းနှင့် ရောင်းချမှုကိုတားမြစ်ခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်းသိရှိ ရပါသည်။ အဆိုပါကုန်စည်များအနက် လျှပ်စစ်ထုတ်ကုန်များ၊ အဝတ်အထည်များ၊ အစားအသောက်၊ အဖျော်ယမကာများနှင့် မော်တော်ကားပစ္စည်းများပါဝင်ကြောင်းသိရှိရပါ သည်။

မျိုးမျိုးထိုက် (စားသုံးသူရေးရာဌာနခွဲ)