ပြည်ဈေးကွက်တွင် နှမ်းများဆက်တိုက်ဈေးကျလာ

   ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ နှမ်းဈေးများ ဆက်တိုက်ကျနေတာတွေ့ရပါတယ်။ နှမ်းများဈေးကွက်သို့ဝင်ရောက်မှုမရှိဘဲ အဝယ်မှာလည်းမရှိတာကြောင့်လို့ ဈေးကွက်က ဆိုပါတယ်။ ၂၀၁၅ နှစ်စမှစပြီး ခုချိန်ထိ နှမ်းဈေးမှာအတက်မရှိဘဲအကျဘက်သာ ဦးတည်နေပါတယ်။

   ဆောင်းနှမ်းများဖြစ်တဲ့အတွက်  ဝယ်လက်အကြိုက်နည်းပြီး အရည်အသွေးက မိုးနှမ်းလောက်မကောင်းလို့ ဈေးနှိမ်ပြီး ဝယ်ယူခြင်းတို့ကြောင့် နှမ်းဈေးကျနေတာဖြစ်ပါတယ်။ ယခု တစ်ပတ်တွင် နှမ်းဈေးအနေဖြင့် နှမ်းနီတစ်တင်းကို ၂၆၆၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၃၅၀၀၀ ကျပ်ဈေးဖြင့်သာရှိနေသော်လည်း အရောင်းအဝယ်အနည်းငယ်သာဖြစ် လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿ     ာ ၅၀၀၀ ကျပ်- ၅၂၀၀ ကျပ်အထိ ဈေးကျလာတာတွေ့ရပါတယ်။

ဝေေ၀မင်း-ပြည်